၁ ရာချုပ် 25:6 - မြန်မာ့စံမီသမ္မာကျမ်း
6 ဤသူအားလုံးတို့သည် ဖခင်လက်အောက်တွင်နေ၍ ထာဝရဘုရား၏အိမ်တော်၌ လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များဖြင့် သီဆိုတီးမှုတ်ရသောသူများဖြစ်၏။ အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့သည် ရှင်ဘုရင်၏လက်အောက်တွင် ဘုရားသခင်၏အိမ်တော်အမှုကိုထမ်းဆောင်ရ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 အ ဘ လက် အောက် တွင် ခွက် ကွင်း၊ တ ယော၊ စောင်း များ နှင့် သီ ဆို လျက် ထာ ဝ ရ ဘု ရား သ ခင့် ဗိ မာန် တော် ၌ ထော မ နာ မှု ကို ပြု ရ ကြ၏။ အာ သပ်၊ ယေ ဒု သုန် ဟေ မန် တို့ မှာ ဘု ရင် မင်း၏ သြ ဝါ ဒ ခံ များ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏ အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ