တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၁ ရာချုပ် 22:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် အစ္စရေးပြည်၌နေထိုင်သော တိုင်းတစ်ပါးသားတို့အား စုဝေးစေရန် အမိန့်ပေးပြီး သူတို့အား ဘုရားသခင်၏အိမ်တော်ကိုဆောက်လုပ်ရာတွင် ကျောက်များကိုထုဆစ်ပေးမည့် ကျောက်ဆစ်သမားများအဖြစ် ခန့်ထား၏။ Common Language Bible ဒါဝိဒ်မင်းသည်ဣသရေလနိုင်ငံတွင်နေ ထိုင်ကြသောလူမျိုးခြားအပေါင်းတို့ကို စုရုံးစေ၍လုပ်အားပေးစေတော်မူ၏။ အချို့သောသူတို့သည်ဗိမာန်တော် အဆောက်အအုံအတွက်ကျောက်တုံး များကိုဆစ်ရကြ၏။- Garrad Bible ထို နောက် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ ပြည် ရှိ ဝင် နေ သူ တို့ ကို အ မိန့် တော် နှင့် စု ဝေး စေ လျက် ဆစ် ပြီး ကျောက် များ ဖြင့် ဘု ရား သ ခင့် ဗိ မာန် တော် တည် ဆောက် ရန် ကျောက် ဆစ် သ မား တို့ ကို စီ မံ ၍၊ Judson Bible ဣသရေလပြည်၌ရှိသော တစ်ပါးအမျိုးသားတို့ကို စုဝေးစေခြင်းငှာ မိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဖို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကိုလည်း စေခိုင်းတော်မူ၏။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
အိမ်တော်ကိုတည်ဆောက်ရာတွင် ကျောက်တွင်းမှ ဆစ်ပြီးသားကျောက်များကိုသာ အသုံးပြု၏။ ထို့ကြောင့် အိမ်တော်တည်ဆောက်ချိန်တွင် တူ၊ ပုဆိန်စသော သံထည်ကိရိယာတို့၏ထုသံနှက်သံကိုမျှ မကြားရ။
ပန်းရန်သမားများ၊ ကျောက်ဆစ်သမားများကို ပေး၏။ ထာဝရဘုရား၏အိမ်တော်အပျက်အစီးများကို ပြုပြင်ရာ၌လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ထိုငွေဖြင့် ဝယ်ယူ၏။ အိမ်တော်ပြုပြင်ရာတွင် အခြားကုန်ကျစရိတ်အားလုံးအတွက် အသုံးပြု၏။
အိမ်တော်ကိုပြုပြင်ရန် လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ဝယ်ယူဖို့ရန်အတွက် လက်သမားများ၊ ဆောက်လုပ်ရေးသမားများ၊ ပန်းရန်သမားများကို ပေးစေပါ”ဟု မိန့်မှာလိုက်၏။
တိုင်ရာဘုရင်ဟုရံမင်းကြီးသည်လည်း ဒါဝိဒ်မင်းကြီးထံ တမန်များကိုစေလွှတ်ပြီး နန်းတော်တည်ဆောက်ရန် သစ်ကတိုးသားများနှင့်တကွ ကျောက်ဆစ်သမားများ၊ လက်သမားများကို ပို့ပေးလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။
အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
ထိုအခါ ရှောလမုန်မင်းကြီးသည် ခမည်းတော်ဒါဝိဒ်မင်းကြီးကောက်ယူခဲ့သော အစ္စရေးပြည်ရှိတိုင်းတစ်ပါးသားစာရင်းကို ပြန်၍စာရင်းကောက်ယူရာ လူပေါင်း တစ်သိန်းငါးသောင်းသုံးထောင့်ခြောက်ရာရှိ၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။