၁ ရာချုပ် 29:1 - မြန်မာ့စံမီသမ္မာကျမ်း
1 ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
အခန်းကိုကြည့်ပါ။ ကော်ပီ
1 လူ ပ ရိ သတ် လုံး အား လည်း ဒါ ဝိဒ် မင်း က၊ ဘု ရား သ ခင် ရွေး ချယ် တော် မူ သော သား တော် ရှော လ မုန် သည် နု နယ် လျက် အ လုပ် ကြီး မြတ်၏။ ဘုံ ဗိ မာန် တော် သည် လူ့ အ ဖို့ မ ဟုတ်၊ ထာ ဝ ရ ဘု ရား သ ခင် စံ တော် မူ ရာ ဖြစ် လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 တစ်ဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေးကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ အမှုမူကား ကြီးလှ၏။ တည်ဆောက်ရသော ဗိမာန်သည် လူအဖို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင်အဖို့ ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ