ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ယောယဒ၏သားဗေနာယသည်ဒါဝိဒ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်၊ ခေရသိအမျိုးသား များနှင့်ပေလသိအမျိုးသားတို့ကိုအုပ်ချုပ် ရလေသည်။ ဒါဝိဒ်၏သားတော်တို့သည်လည်း ကြီးမြင့်သည့်ရာထူးရာခံများတွင်မင်းကြီး ၏အမှုတော်ကိုထမ်းဆောင်ရကြ၏။
ယော ယ ဒ သား ဗေ နာ ယ ဘို၊ ခေ ရ သိ နှင့် ပေ လ သိ တပ် တော် တွင် အ ကြီး အ မှူး ခန့်၍ ဒါ ဝိဒ် မင်း သား တော် တို့ လည်း အ ပါး တော် တွင် ထူး မြတ် သော ရာ ထူး ကို ရ ကြ သ တည်း။
ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း အထံတော်၌ မင်းသားအရာနှင့် နေကြ၏။
အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊
ထို့ကြောင့် ယွာဘ၏နောက်လိုက်များမှစ၍ ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့အပါအဝင် သူရဲကောင်းအပေါင်းတို့သည် အဘိရှဲနှင့်အတူ ဂျေရုဆလင်မြို့မှ ထွက်သွားပြီး ဗိခရိ၏သား ရှေဘကိုလိုက်ကြ၏။
ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ရှင်ဘုရင်သည် သူ၏လားတော်ကို ရှောလမုန်အား စီးစေပြီး သူနှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သားဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့ကို ဂိဟုန်မြို့သို့စေလွှတ်ပါ၏။
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သားအဘိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
ထို့နောက်တွင် အမ္မုန်အမျိုးသားတို့၏ဘုရင်နာဟတ်မင်းကြီး အနိစ္စရောက်၍ သားတော်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၏။
သူတို့၏တာဝန်မှာ အာရုန်၏သားမြေးများ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်သောအခါ ဝိုင်းကူပေးရန်ဖြစ်၏။ အိမ်တော်ဝင်း၊ အိမ်တော်အခန်းများ၊ သန့်ရှင်းရာဌာနရှိအရာအားလုံး သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရန်နှင့် ဘုရားသခင်၏အိမ်တော်အမှုကို ထမ်းဆောင်ရန်အတွက်ဖြစ်၏။
ယုဒ၏သား ဇေရသားမြေးမှ ဆင်းသက်လာသောမေရှဇဗေလ၏သား ပေသဟိသည် ပြည်သူပြည်သားတို့၏အမှုကိစ္စအားလုံးကို စီမံရသော ရှင်ဘုရင်၏လက်ရုံးဖြစ်၏။
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။