ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
၁ ရာချုပ် 18:13 - မြန်မာ့စံမီသမ္မာကျမ်း ဧဒုံပြည်တွင် မြို့စောင့်တပ်များ ချထားလိုက်၏။ ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။ Common Language Bible သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။ Garrad Bible ထို ပြည် သား အ ပေါင်း တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် ကြ၏။ ဒါ ဝိဒ် မင်း ချီ လေ ရာ ရာ ထာ ဝ ရ ဘု ရား အောင် မြင် စေ တော် မူ ၏။ Judson Bible ဧဒုံပြည်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
ဣဇက်ကလည်း “ကြည့်ရှုလော့။ ငါသည် သူ့ကို သင်၏အရှင်သခင်ဖြစ်စေပြီ။ သူ၏ညီအစ်ကိုအပေါင်းတို့ကိုလည်း သူ၏အစေအပါးဖြစ်စေပြီ။ ကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်တို့ဖြင့်လည်း သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင့်အတွက် ငါဘာလုပ်ပေးနိုင်ဦးမည်နည်း”ဟု ဧသောအားပြန်ပြော၏။
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိကင်းတပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
ဧဒုံပြည်၌ ဒါဝိဒ်မင်းကြီးရှိနေခဲ့စဉ်က စစ်ဗိုလ်ချုပ်ယွာဘသည် ကျဆုံးသူများကို သင်္ဂြိုဟ်ရန် ရောက်လာပြီး ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပစ်၏။
ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကိုအုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကို ချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ထာဝရဘုရားသည် ဘေးအန္တရာယ်အပေါင်းတို့မှ သင့်ကိုစောင့်ရှောက်တော်မူလိမ့်မည်။ သင်၏အသက်ကိုစောင့်ရှောက်တော်မူလိမ့်မည်။
ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။ ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
ဧဒုံပြည်သည် သိမ်းယူခြင်းကို ခံရလိမ့်မည်။ စိရပြည်သည် မိမိရန်သူ၏သိမ်းယူခြင်းကို ခံရလိမ့်မည်။ အစ္စရေးလူမျိုးတို့မူကား ရဲစွမ်းသတ္တိနှင့်ပြည့်လိမ့်မည်။
ဒမတ်စကပ်မြို့တွင် အရေတမင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အတွက် ဒမတ်စကပ်မြို့ကို ပိတ်ဆို့စောင့်ကြပ်ထားခဲ့၏။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။
ယောနသန်သည် ဂေဗမြို့တွင် ဖိလိတ္တိမြို့စောင့်တပ်များကို တိုက်ခိုက်ကြောင်း ဖိလိတ္တိလူမျိုးတို့ ကြားသိလေ၏။ ရှောလုမင်းကြီးကလည်း “ဟေဗြဲလူမျိုးတို့ ကြားသိစေ”ဟု ဆို၍ ပြည်တစ်လျှောက်လုံးတွင် တံပိုးမှုတ်စေ၏။
တစ်နေ့တွင် ရှောလုမင်းကြီး၏သားတော်ယောနသန်သည် ခမည်းတော်ကို အသိမပေးဘဲ မိမိ၏လက်နက်ကိုင်လုလင်အား “လာပါ။ တစ်ဖက်ကမ်းရှိ ဖိလိတ္တိကင်းတပ်သို့ ကူးသွားကြစို့”ဟု ဆို၏။
ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ပါရှိတော်မူသဖြင့် သူလုပ်ဆောင်လေရာရာတို့၌ အောင်မြင်မှုရရှိလေ၏။