ယခု စောင်းသမားတစ်ယောက်ကို ငါ့ထံသို့ ခေါ်ခဲ့လော့”ဟု ဆို၏။ စောင်းသမားက စောင်းကိုတီးလိုက်သောအခါ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲထံ သက်ရောက်လာပြီး
၁ ရာချုပ် 13:8 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။ Common Language Bible ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။ Garrad Bible ဒါ ဝိဒ် မင်း နှင့် တ ကွ ဣ သ ရေ လ လူ အ ပေါင်း တို့ သည် သီ ချင်း ဆို လျက် စောင်း၊ တ ယော၊ ပတ် သာ၊ ခွက် ကွင်း၊ တံ ပိုး များ ကို ဘု ရား သ ခင့် ရှေ့ တော်၌ စိတ် ပါ ကိုယ် ရောက် တီး မှုတ် ကြ ကုန်၏။ Judson Bible ဒါဝိဒ်နှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် သီချင်းဆိုလျက် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ |
ယခု စောင်းသမားတစ်ယောက်ကို ငါ့ထံသို့ ခေါ်ခဲ့လော့”ဟု ဆို၏။ စောင်းသမားက စောင်းကိုတီးလိုက်သောအခါ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲထံ သက်ရောက်လာပြီး
ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
ဟေမန်နှင့်ယေဒုသုန်တို့သည် တံပိုးခရာ၊ လင်းကွင်းတို့မှစ၍ ဘုရားသခင်ထံ သီဆိုချီးမွမ်းရန် တူရိယာများကို တီးမှုတ်ရ၏။ ယေဒုသုန်၏သားများမှာ တံခါးကို စောင့်ကြပ်ရ၏။
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
သူတို့သည် စောင်းပြားများ၊ စောင်းကောက်များ၊ တံပိုးခရာများ တီးမှုတ်ကြလျက် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားကြလေ၏။
အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။
ဘုရားသခင်သည် ဝမ်းမြောက်စွာကြွေးကြော်သော အသံနှင့် တက်သွားတော်မူ၏။ ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့် တက်သွားတော်မူ၏။
စောင်းကောက်သံစဉ်နှင့်အတူ စောင်းပြားနှင့် ကြိုးဆယ်ချောင်းတပ်တူရိယာဖြင့် ထုတ်ဖော်ပြောဆိုခြင်းသည်လည်းကောင်း ကောင်းမြတ်ပေ၏။
သင်၏သီချင်းသံများကို ငါ့ထံမှ ဖယ်ရှားလော့။ သင်၏စောင်းသံကိုလည်း ငါနားမထောင်လို။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။