ထာဝရဘုရားကလည်း ဒါဝိဒ်မင်းကြီးအား ‘ငါ့အစေအပါးဒါဝိဒ်အားဖြင့် ငါ့လူမျိုးတော်အစ္စရေးကို ဖိလိတ္တိလူမျိုးတို့လက်မှ၊ ရန်သူအပေါင်းတို့လက်မှကယ်နုတ်မည်’ဟု ကတိထားပြီဖြစ်၍ ယခုပင် သူ့ကိုမင်းမြှောက်ပါလော့”ဟု ဆို၏။
၁ ရာ 9:16 - မြန်မာ့စံမီသမ္မာကျမ်း “မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။ Common Language Bible ``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။ Garrad Bible နက် ဖြန် ဤ အ ချိန်၊ ဗင်္ယာ မိန် နယ် သား တစ် ဦး သည် သင် ရှိ ရာ သို့ ငါ စေ လွတ် သည့် အ တိုင်း သင် သည် ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် မင်း အ ဖြစ် ဘိ သိက် သွန်း ရ မည်။ ငါ့ လူ မျိုး တော် ကို ဖိ လိ တ္တိ လူ မျိုး တို့ လက် တွင်း မှ သူ ကယ် ဆယ် လ တ္တံ့။ ငါ့ ထံ လူ မျိုး တော် အော် ဟစ် သံ ရောက် သည် ဖြစ်၍၊ ငါ ကြည့် ရှု သည် ဟု မိန့် တော် မူ နှင့် သည့် အ လျောက် ရှ မွေ လ တွေ့ မြင် လျှင် Judson Bible ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတစ်ယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးရမည်။ သူသည် ငါ၏လူတို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။ |
ထာဝရဘုရားကလည်း ဒါဝိဒ်မင်းကြီးအား ‘ငါ့အစေအပါးဒါဝိဒ်အားဖြင့် ငါ့လူမျိုးတော်အစ္စရေးကို ဖိလိတ္တိလူမျိုးတို့လက်မှ၊ ရန်သူအပေါင်းတို့လက်မှကယ်နုတ်မည်’ဟု ကတိထားပြီဖြစ်၍ ယခုပင် သူ့ကိုမင်းမြှောက်ပါလော့”ဟု ဆို၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော့်ထံသို့ ရောက်ပါစေသော။
သို့သော် သူတို့၏ဟစ်ကြော်သံကို ကိုယ်တော်ကြား၍ သူတို့၏ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူ၏။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုနှင့် အကျွန်ုပ်၏အခက်အခဲပြဿနာကို ကြည့်ရှု၍ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို ခွင့်လွှတ်တော်မူပါ။
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို ထိုနေ့တွင် ကယ်တင်တော်မူ၍ တိုက်ပွဲမှာ ဗေသဝင်မြို့သို့တိုင် ရောက်လေ၏။
ထို့နောက်မှ ရှမွေလက ရှောလုမင်းကြီးအား “ထာဝရဘုရားသည် မိမိလူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် သင့်ကို ဘိသိက်ပေးရန် ငါ့အား စေလွှတ်တော်မူခဲ့၏။ ယခု ထာဝရဘုရား၏အမိန့်စကားကို နားထောင်လော့။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။