ယေရမိ 32:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible8 ဗင်္ယာ မိန် နယ်၊ အာ န သုတ် ခ ရိုင် ရှိ ကျွန်ုပ် မြေ ကွက် ကို အ မွေ စား ထိုက်၊ ရွေး ပိုင် ထိုက် ရှိ သည် နှင့် အ ညီ၊ ဝယ် ပါ ဟု၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ငါ ရှိ ရာ သို့ ရောက် လာ၍ တောင်း ဆို သည့် အ တွက်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ဖြစ် ကြောင်း ငါ သိ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 ငါ့ဘထွေးသား ဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သောအခွင့်နှင့် ရွေးပိုင်သောအခွင့်ရှိသည်ဖြစ်၍၊ ကိုယ်အဖို့ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်