ထို့နောက် ရှောလုမင်းကြီးလက်ထက်က မေးမြန်းခြင်းမရှိခဲ့သော ငါတို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ငါတို့ထံ ပြန်လည်သယ်ဆောင်လာကြမည်”ဟု ဆို၏။
၁ ရာ 7:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့မှစ၍ သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့၌ အနှစ်နှစ်ဆယ်တိုင်တိုင် အချိန်ကြာမြင့်စွာရှိနေ၏။ ထိုအချိန်အတွင်းတွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်အားကိုးလျက်နေကြ၏။ Common Language Bible ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့တွင်နှစ်ပေါင်းနှစ်ဆယ် တိုင်အောင်ကြာမြင့်စွာရှိနေလေသည်။ ထို အချိန်ကာလအတွင်း၌ဣသရေလအမျိုး သားတို့သည် မိမိတို့ကိုကူမတော်မူရန် ထာဝရဘုရားသခင်ထံဟစ်အော်လျှောက် ထားကြ၏။ Garrad Bible ကိ ရ ယတ် ယာ ရိမ် မြို့ တွင် နှစ် ပေါင်း နှစ် ဆယ် တိုင် တိုင်၊ သေ တ္တာ တော် ကြာ မြင့် စွာ တည် ရှိ သည့် ကာ လ၊ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ထာ ဝ ရ ဘု ရား ကို လွမ်း ဆွတ် ကြ သည် ဖြစ်၍၊ Judson Bible သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ရှိစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားကိုအောက်မေ့၍ မြည်တမ်းကြ၏။ |
ထို့နောက် ရှောလုမင်းကြီးလက်ထက်က မေးမြန်းခြင်းမရှိခဲ့သော ငါတို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ငါတို့ထံ ပြန်လည်သယ်ဆောင်လာကြမည်”ဟု ဆို၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့ရှိ ဘုရားသခင်၏သေတ္တာတော်ကို ပြန်လည်သယ်ဆောင်လာရန် အီဂျစ်ပြည်၊ ရှိဟောရအရပ်မှ လီဘိုဟာမတ်အရပ်တိုင်အောင် အစ္စရေးလူမျိုးအားလုံးကို စုဝေးစေ၏။
ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်ပြုသောသူတစ်ယောက် ရှိသေး၏။ ထိုသူကား ကိရယတ်ယာရိမ်မြို့မှ ရှေမာယ၏သား ဥရိယဖြစ်၏။ သူသည် ယေရမိဟောပြောသောစကားနှင့်တစ်ထပ်တည်း ဤမြို့ဤပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခဲ့၏။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။
အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။
ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။
ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။