ယေရမိ 3:13 - မြန်မာ့စံမီသမ္မာကျမ်း
13 သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပုန် ကန် လျက်၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် အောက် တွင်၊ အ ခြား ဘု ရား များ နောက် အ ဝ ဝ လိုက်လျှောက် ၍၊ ငါ့ ဗျာ ဒိတ် ကို မ နာ ခံ ဘဲ နေ သော ကိုယ့် ဒု စ ရိုက် ပြစ် ကို ဝန် ခံ လော့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ
13 သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကိုပြစ်မှား၍၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှားယွင်းသောအပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ