၁ ရာ 29:4 - မြန်မာ့စံမီသမ္မာကျမ်း
ဖိလိတ္တိတပ်မှူးတို့သည် သူ့ကိုအမျက်ထွက်၍ သူ့အား “ဤလူကို ပြန်ခိုင်းပါ။ သင်ပေးနေသောအရပ်သို့ ပြန်သွားပါစေ။ စစ်ပွဲ၌ ငါတို့ကို ရန်ပြုပြီး ပြန်မတိုက်ခိုက်မည့်အကြောင်း ငါတို့နှင့်အတူ တိုက်ပွဲသို့ မလိုက်လာပါစေနှင့်။ သူ့သခင် သူ့ကိုပြန်လက်ခံအောင် သူမည်သို့ပြုနိုင်မည်နည်း။ ဤသူတို့၏ခေါင်းများအားဖြင့်သာ မဟုတ်လော။
အခန်းကိုကြည့်ပါ။
သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
အခန်းကိုကြည့်ပါ။
ဘု ရင် စီ မံ ထား သော မြို့ သို့ ပြန် လွှတ် တော် မူ ပါ။ စစ် ရေး တွင် ရန် မူ မည် ကို စိုး ရိမ် ဖွယ် ရှိ သ ဖြင့် ကျွန် တော် တို့နှင့် အ တူ စစ် ချီ ခွင့် ပြု တော် မ မူ ပါ လင့်။ သူ သည် မည် သည့် လက် ဆောင် ဖြင့် ကိုယ့် သ ခင် စိတ် ပြေ စေ မည် နည်း။ ကျွန် တော် တို့ ရဲ မက် များ၏ ခေါင်း မ ဟုတ် ပါ လော။
အခန်းကိုကြည့်ပါ။
ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏စိတ်ကို ပြေစေခြင်းငှာ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကိုအပ်၍ ပြုနိုင်သည်မဟုတ်လော။
အခန်းကိုကြည့်ပါ။