၁ ရာချုပ် 12:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဇိကလတ်မြို့သို့ပြန်လာရာ မနာရှေအမျိုးထဲမှ လူတစ်ထောင်အုပ်များဖြစ်သော အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲ တို့သည် လာရောက်ပူးပေါင်းကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။- အခန်းကိုကြည့်ပါ။Judson Bible20 မိမိအမျိုးသားတို့တွင် လူတစ်ထောင်ကို အုပ်သောဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။ အခန်းကိုကြည့်ပါ။ |
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။
ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။
ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးကို စစ်တိုက်သွားသောအခါ ဒါဝိဒ်လည်း လိုက်ပါရာ မနာရှေအမျိုးအချို့တို့သည် ဒါဝိဒ်ထံရောက်လာကြ၏။ သို့သော် ဖိလိတ္တိမင်းကြီးတို့က “သူသည် သူ့သခင်ရှောလုမင်းကြီးနှင့် ပြန်ပေါင်းပြီး ငါတို့ခေါင်းကို အပ်ကောင်းအပ်လိမ့်မည်”ဟု အချင်းချင်းတိုင်ပင်ကြပြီး ဒါဝိဒ်ကိုပြန်လွှတ်လိုက်သဖြင့် ဒါဝိဒ်သည် သူတို့ကို စစ်ကူမတိုက်ဖြစ်ခဲ့ဘဲ
ဖိလိတ္တိတပ်မှူးတို့သည် သူ့ကိုအမျက်ထွက်၍ သူ့အား “ဤလူကို ပြန်ခိုင်းပါ။ သင်ပေးနေသောအရပ်သို့ ပြန်သွားပါစေ။ စစ်ပွဲ၌ ငါတို့ကို ရန်ပြုပြီး ပြန်မတိုက်ခိုက်မည့်အကြောင်း ငါတို့နှင့်အတူ တိုက်ပွဲသို့ မလိုက်လာပါစေနှင့်။ သူ့သခင် သူ့ကိုပြန်လက်ခံအောင် သူမည်သို့ပြုနိုင်မည်နည်း။ ဤသူတို့၏ခေါင်းများအားဖြင့်သာ မဟုတ်လော။