ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
၁ ရာ 29:1 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။- Garrad Bible ဖိ လိ တ္တိ အ လုံး အ ရင်း တို့ သည် အာ ဖက် မြို့၌ စု ရုံး ကြ၏။ ဣ သ ရေ လ ရဲ မက် တို့ ကား ယေ ဇ ရေ လ မြို့ ရှိ စမ်း ရေ တွင်း အ နီး တပ် စွဲ ကြ ၏။ Judson Bible ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။ |
ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် ခံတပ်ရှိရာသို့ ဆင်းသွား၏။
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ယေဇဗေလနှင့်ပတ်သက်၍လည်း ထာဝရဘုရားက ‘ယေဇရေလမြို့ရိုးနားတွင် ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
ယေဇရေလမြို့သို့ ယေဟုရောက်လာကြောင်းကို ယေဇဗေလကြားလျှင် မျက်လုံးကိုအရောင်ခြယ်ပြီး ဆံကေသာကို ပြင်ဆင်ကာ ပြတင်းပေါက်မှ ကြည့်နေ၏။
ထိုသူတို့ ပြန်လာပြီး ယေဟုအား ပြောပြကြလျှင် ယေဟုက “ဤသည်ကား ထာဝရဘုရားက မိမိအစေအပါး တိရှဘိမြို့သား ဧလိယအား ‘ယေဇရေလမြေကွက်တွင် ယေဇဗေလ၏အသားကို ခွေးတို့ စားကြလိမ့်မည်။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
ယောသပ်အမျိုးသားတို့ကလည်း ယောရှုအား “တောင်ပေါ်ဒေသသည် အကျွန်ုပ်တို့အတွက် မလောက်ပါ။ ချိုင့်ဝှမ်းဒေသဖြစ်သော ဗက်ရှန်မြို့ရွာများနှင့် ယေဇရေလချိုင့်ဝှမ်းဒေသတွင်လည်း သံစစ်ရထားအများအပြားပိုင်ဆိုင်သော ခါနာန်လူမျိုးအပေါင်းတို့ နေထိုင်ကြပါသည်”ဟု လျှောက်ကြ၏။
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ အပါအဝင် မြို့ပေါင်းနှစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့ ပူးပေါင်းကြပြီး ဂျော်ဒန်မြစ်ကိုကူး၍ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချကြ၏။
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။
ထို့နောက် ရှောလုမင်းကြီးနှင့် သူ့အစေအပါးတို့ရှေ့တွင် တည်ခင်းပေးသဖြင့် သူတို့သည် စားသောက်ကြပြီးလျှင် ထိုည၌ပင် ထ၍ပြန်သွားကြလေ၏။
ဖိလိတ္တိလူမျိုးတို့ စုရုံးပြီး ရှုနင်မြို့သို့ လာရောက်၍ စခန်းချကြသောအခါ ရှောလုသည်လည်း အစ္စရေးလူမျိုးအပေါင်းတို့ကို စုရုံးပြီး ဂိလဗောတောင်ပေါ်တွင် စခန်းချကြ၏။
ရှမွေလ၏စကားသည် အစ္စရေးတစ်မျိုးလုံးထံသို့ ရောက်ရှိ၏။ ယခုတွင် အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်၍ ဧဗနေဇာမြို့တွင် စခန်းချကြ၏။ ဖိလိတ္တိလူမျိုးတို့ကား အာဖက်မြို့တွင် စခန်းချကြ၏။