Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 17:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ယောသပ်​အမျိုးသား​တို့​က​လည်း ယောရှု​အား “​တောင်ပေါ်ဒေသ​သည် အကျွန်ုပ်​တို့​အတွက် မ​လောက်​ပါ​။ ချိုင့်ဝှမ်း​ဒေသ​ဖြစ်​သော ဗက်ရှန်​မြို့ရွာ​များ​နှင့် ယေဇရေလ​ချိုင့်ဝှမ်းဒေသ​တွင်​လည်း သံ​စစ်ရထား​အများအပြား​ပိုင်ဆိုင်​သော ခါနာန်​လူမျိုး​အပေါင်း​တို့ နေထိုင်​ကြ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ယော သပ် အ နွယ် သား တို့ က၊ ဧ ဖ ရိမ် ခင် တန်း သည် ကျွန် တော် တို့ အ ဖို့ မ လောက် သေး သည် မှန် သော် လည်း ချိုင့် ရှိ ဗက် ရှန် မြို့ နှင့် နိ ဂုံး များ ၌ လည်း ကောင်း၊ ယေ ဇ ရေ လ ချိုင့် ၌ လည်း ကောင်း၊ နေ ထိုင် သော ခါ နာန် လူ မျိုး တို့ မှာ သံ ဖြင့် ပြီး သော စစ် ရ ထား ရှိ ပါ သည် ဟု လျှောက် ပြန် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ ဧ​ဖ​ရိမ်​တောင်​သည် အ​ကျွန်ုပ်​တို့​အ​ဖို့ မ​လောက်​ပါ။ ချိုင့်​အ​ရပ် ဗက်​ရှန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ယေ​ဇ​ရေ​လ​ချိုင့်၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​အ​ပေါင်း​တို့​သည် သံ​ရ​ထား​နှင့် ပြည့်​စုံ​ပါ​သည်​ဟု လျှောက်​ပြန်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:16
20 ပူးပေါင်းရင်းမြစ်များ  

ထိုတစ်ခဏချင်း​တွင်ပင် မိုးကောင်းကင်​မှ​တိမ်​များ မည်းမှောင်​အုံ့ဆိုင်း​လာ​သည်​သာမက လေ​များ​ပါ​တိုက်လာ​ပြီး မိုး​သည်းထန်​စွာ​ရွာ​လေ​တော့​သည်​။ အာဟပ်​မင်းကြီး​သည်​လည်း ရထား​စီးနင်း​ပြီး ယေဇရေလ​မြို့​သို့ ပြန်သွား​လေ​၏​။


ထိုစဉ် ထာဝရဘုရား​၏​လက်​တော်​သည် ဧလိယ​ထံ​သက်ရောက်​လာ​သဖြင့် သူ​သည် ခါးပန်း​ကို​စည်း​ပြီး​ပြေး​ရာ အာဟပ်​မင်းကြီး​ကို​ကျော်​၍ ယေဇရေလ​မြို့​သို့ ကြိုရောက်​နှင့်​လေ​၏​။


ယေဇရေလ​မြို့​ရှိ ရှမာရိ​ဘုရင်​အာဟပ်​မင်းကြီး​၏​နန်းတော်​အနီး​တွင် ယေဇရေလ​မြို့သား​နာဗုတ်​ပိုင်​စပျစ်ခြံ​ရှိ​၏​။


ယေဇဗေလ​နှင့်​ပတ်သက်၍​လည်း ထာဝရဘုရား​က ‘​ယေဇရေလ​မြို့ရိုး​နားတွင် ခွေး​တို့​သည် ယေဇဗေလ​ကို စား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​။


တာနက်​မြို့​၊ မေဂိဒ္ဒေါ​မြို့​အပါအဝင် ဇာရတန်​မြို့​အနီး​ယေဇရေလ​မြို့​အောက်​ဘက်​ရှိ ဗက်ရှန်​မြို့​တစ်လျှောက်လုံး​နှင့် ဗက်ရှန်​မြို့​မှ ယောကမံ​မြို့​တစ်ဖက်ကမ်း အာဗေလမဟောလ​မြို့​၏​နယ်စား အဟိလုဒ်​၏​သား​ဗာနာ​၊


ယေဇဗေလ​ကို​မူကား ယေဇရေလ​မြေကွက်​တွင် ခွေး​တို့ စား​ကြ​လိမ့်မည်​။ သူ့​ကို​သင်္ဂြိုဟ်​မည့်​သူ ရှိ​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​ပြီး​သည်​နှင့် တံခါး​ကို​ဖွင့်​ပြီး ထွက်ပြေး​သွား​လေ​၏​။


ယေဇဗေလ​၏​အလောင်း​သည် ယေဇရေလ​ပိုင်​မြေကွက်​ပေါ်တွင် နောက်ချေးပုံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​သူ​မှာ ယေဇဗေလ​ဖြစ်​သည်​ဟု ပြော​၍​မ​ရ​အောင်​ပင် ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည့်​စကား အတိုင်း​ဖြစ်​၏​”​ဟု ဆို​လေ​၏​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အမ္မုန်​အမျိုးသား​တို့​နေ​ရာ ရဗ္ဗာ​မြို့​၌ စစ်ပွဲ​သံ​ကြား​ရ​သော​အချိန် ရောက်​စေ​မည်​။ ထို​မြို့​သည် အပျက်အစီး​ပုံ​ကြီး​ဖြစ်​၍ မြို့ငယ်​တို့​သည်​လည်း မီး​လောင်​သွား​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း မိမိ​အား သိမ်းပိုက်​ခဲ့​သူ​ကို ပြန်​၍​သိမ်းပိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ယေဇရေလ​မြို့​၊ ယောကဒံ​မြို့​၊ ဇာနော​မြို့​၊


ဣသခါ​နှင့် အာရှာ​နယ်မြေ​ထဲတွင် မနာရှေ​ရ​သော​အမွေမြေ​များ​မှာ ကုန်းမြင့်ဒေသ​သုံး​ခု​ရှိ ဗက်ရှန်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဣဗလံ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အင်္ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တာနက်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ မေဂိဒ္ဒေါ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​ဖြစ်​သည်​။


ယောရှု​က​လည်း သူ​တို့​အား “​သင်​တို့​၏​လူဦးရေ​များပြား​သောကြောင့် ဧဖရိမ်​တောင်ပေါ်ဒေသ​သည် သင်​တို့​အဖို့ ကျဉ်းကျပ်​သည်​ဆိုလျှင် ဖေရဇိ​ပြည်​၊ ရေဖိမ်​ပြည်​ရှိ တော​များ​ကို ခုတ်ထွင်​ရှင်းလင်း​ကြ​လော့​”​ဟု ဆို​လေ​၏​။


ထိုအခါ ယောရှု​က ယောသပ်​အမျိုးအနွယ်​ဖြစ်​သော ဧဖရိမ်​အမျိုး​နှင့် မနာရှေ​အမျိုး​အား “​သင်​တို့​သည် လူဦးရေ​များ​၏​၊ အင်အား​လည်း​ကြီး​၏​။ သင်​တို့ ဝေစု​တစ်စုတည်း မ​လောက်​လျှင်


တောင်ပေါ်ဒေသ​ကို​လည်း သင်​တို့​အပိုင်​ဖြစ်စေ​မည်​။ ထို​ဒေသ​သည် တော​ဖြစ်​သောကြောင့် သင်​တို့​ခုတ်ထွင်​ရှင်းလင်း​ရ​မည်​။ သင်​တို့​ခုတ်ထွင်​နိုင်သမျှ သင်​တို့​အပိုင်​ဖြစ်​မည်​။ ခါနာန်​လူမျိုး​တို့​သည် သံ​ရထား​များ​ပိုင်ဆိုင်​ပြီး အင်အားကြီး​သော်လည်း သူ​တို့​ကို သင်​တို့​နှင်ထုတ်​နိုင်​လိမ့်မည်​”​ဟု ပြန်ပြော​၏​။


သူ​တို့​၏​နယ်နိမိတ်​တွင် ယေဇရေလ​မြို့​၊ ခေသုလုတ်​မြို့​၊ ရှုနင်​မြို့​၊


ထာဝရဘုရား​သည် ယုဒ​အမျိုး​တို့​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​တို့​သည် တောင်ပေါ်ဒေသ​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ချိုင့်ဝှမ်းဒေသ​၌​နေထိုင်​သော​သူ​တို့​မူကား သံ​စစ်ရထား​များ​ပိုင်ဆိုင်​သောကြောင့် ထို​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။


သိသရ​သည် သူ​၏​စစ်ရထား​အားလုံး​၊ သံ​စစ်ရထား​ကိုး​ရာ​နှင့် မိမိ​လူ​အပေါင်း​တို့​ကို စုစည်း​ပြီးလျှင် ဟာရောရှက်​ဟာဂေါအိမ်​မြို့​မှ ကိရှုန်​မြစ်​သို့ ချီတက်​ကြ​၏​။


ထို​ဘုရင်​၌ သံ​စစ်ရထား​အစီး ကိုး​ရာ​ရှိ​၏​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို အနှစ်​နှစ်ဆယ်​ပတ်လုံး ရက်ရက်စက်စက်​ညှဉ်းဆဲ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လေ​၏​။


မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့ ပူးပေါင်း​ကြ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယေဇရေလ​ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​ကြ​၏​။


ဖိလိတ္တိ​တပ်​တစ်တပ်လုံး​သည် အာဖက်​မြို့​၌ စုဝေး​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​ကား ယေဇရေလ​မြို့​ရှိ စမ်းရေတွင်း​နား​၌ စခန်းချ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ