၁ ရာ 28:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဖိလိတ္တိလူမျိုးတို့ စုရုံးပြီး ရှုနင်မြို့သို့ လာရောက်၍ စခန်းချကြသောအခါ ရှောလုသည်လည်း အစ္စရေးလူမျိုးအပေါင်းတို့ကို စုရုံးပြီး ဂိလဗောတောင်ပေါ်တွင် စခန်းချကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ဖိ လိ တ္တိ စစ် သည် တို့ စု ရုံး၍၊ ရှု နင် မြို့ တွင် တပ် စွဲ ကြ၏။ ရှော လု မင်း လည်း ဣ သ ရေ လ ရဲ မက် အ ပေါင်း တို့ ကို စု ရုံး ပြီး လျှင် အခန်းကိုကြည့်ပါ။Judson Bible4 ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။