ရှောလုမင်းကြီးက “ငါမစားပါ”ဟု ငြင်းဆန်သော်လည်း သူ၏အစေအပါးတို့နှင့်ထိုမိန်းမက တိုက်တွန်းသဖြင့် သူသည် သူတို့၏စကားကိုနားထောင်၍ မြေပေါ်မှထကာ ခုတင်ပေါ်တွင် ထိုင်လေ၏။
ရှောလုကမိမိအဘယ်အရာကိုမျှမစား လိုကြောင်းငြင်းဆန်၍နေ၏။ သို့ရာတွင်သူ၏ ငယ်သားတို့ကဝိုင်း၍တိုက်တွန်းကြသဖြင့် သူသည်နောက်ဆုံး၌အလျော့ပေးပြီးလျှင် မြေပေါ်မှထ၍ကုတင်ပေါ်တွင်ထိုင်တော် မူ၏။-
မ စား လို ဟု ငြင်း ပယ် လေ၏။ နောက် ပါ ကျွန် ရင်း နှင့် က ဝေ မ ပါ တိုက် တွန်း တောင် ပန် သ ဖြင့် ၎င်း တို့ တိုက် တွန်း ချက် ကို ရှော လု မင်း နာ ယူ၍ လဲ ရာ မှ ရပ် ပြီး လျှင် ခု တင် ပေါ် တွင် ထိုင် လေ၏။
ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။
တစ်နေ့တွင် ဧလိရှဲသည် ရှုနင်မြို့သို့သွားရာ ထိုမြို့ရှိထင်ပေါ်သောအမျိုးသမီးတစ်ဦးက သူ့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်လေ၏။ နောင်တွင်လည်း ဧလိရှဲသည် ထိုမြို့သို့ရောက်လျှင် ထိုအမျိုးသမီးအိမ်သို့ဝင်၍ ရပ်နားစားသောက်လေ့ရှိ၏။
ထိုအခါ သူ့ငယ်သားတို့က သူ့ထံသို့လာပြီး “အကျွန်ုပ်၏အဖ၊ ပရောဖက်က ခက်ခဲသောအရာကို လုပ်စေလျှင် လုပ်မည်မဟုတ်လော။ ယခု ‘ရေချိုးလျှင် သန့်ရှင်းသွားမည်’ဟု ဆိုသည်မှာ ပို၍ပင်လုပ်သင့်သည်မဟုတ်ပါလော”ဟု လျှောက်တင်၏။
အဖြူရောင်၊ အပြာရောင်ချည်ချောကန့်လန့်ကာတို့ကို ခရမ်းရောင်ချည်ချောကြိုးတို့ဖြင့် ချည်၍ငွေကွင်းတပ်ထားသောစကျင်ကျောက်တိုင်၌ ချည်ဆွဲထား၏။ ကျောက်နီ၊ စကျင်ကျောက်၊ ကျောက်ဖြူ၊ ကျောက်နက်တို့ခင်းထားသောတလင်းပြင်ပေါ်တွင် ရွှေညောင်စောင်း၊ ငွေညောင်စောင်းများ ခင်းကျင်းထား၏။
စိတ်ဒုက္ခရောက်နေသောသူအား သီချင်းဆိုပြသောသူသည် ချမ်းအေးသောနေ့တွင် အဝတ်ကိုချွတ်သောသူနှင့်လည်းကောင်း၊ ချွတ်ဆေးပေါ်မှာ ရှာလကာရည်ကို လောင်းသောသူနှင့်လည်းကောင်း တူ၏။
တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။
သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
ယခု အရှင်သည်လည်း အရှင့်ကျွန်မစကားကို နားထောင်ပါလော့။ အရှင့်ရှေ့၌ စားစရာအနည်းငယ် တည်ခင်းပါရစေ။ အရှင်အားပြန်ပြည့်၍ ခရီးဆက်နိုင်ရန်အတွက် သုံးဆောင်ပါလော့”ဟု ဆို၏။