Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 25:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 စိတ်​ဒုက္ခရောက်​နေ​သော​သူ​အား သီချင်း​ဆိုပြ​သော​သူ​သည် ချမ်းအေး​သော​နေ့​တွင် အဝတ်​ကို​ချွတ်​သော​သူ​နှင့်​လည်းကောင်း​၊ ချွတ်ဆေး​ပေါ်မှာ ရှာလကာရည်​ကို လောင်း​သော​သူ​နှင့်​လည်းကောင်း တူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 စိတ် ဒု က္ခ ရောက် သူ့ ထံ၊ သီ ချင်း ဆို သူ သည်၊ ဆောင်း ကာ လ တွင် အ ဝတ် ချွတ် သော သူ၊ ယမ်း စိမ်း ပေါ် တွင် ပုံး ရည် လောင်း သော သူ နှင့် တူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 စိတ်​ညှိုး​ငယ်​သော​သူ​အား သီ​ချင်း​ဆို​သော​သူ​သည် ဆောင်း​ကာ​လ၌ အ​ဝတ်​ကို​ချွတ်​သော​သူ၊ ယမ်း​စိမ်း​ပေါ်​မှာ ပုံး​ရည်​ကို လောင်း​သော​သူ​နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 25:20
12 ပူးပေါင်းရင်းမြစ်များ  

ပျင်းရိ​သော​သူ​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက် သွား​ကို​ထိ​သော​ရှာလကာရည်​ကဲ့သို့​လည်းကောင်း​၊ မျက်စိ​ထဲ​ဝင်​သော​မီးခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။


ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သစ္စာမဲ့​သော​သူ​ကို​အားထား​ခြင်း​သည် ကျိုးပဲ့​သော​သွား​၊ တုန်ချည့်​နေ​သော​ခြေ​နှင့်​တူ​၏​။


သင့်​ရန်သူ ဆာလောင်မွတ်သိပ်​လျှင် သူ့​ကို​စားစရာ​ပေး​လော့​။ ရေငတ်​လျှင် သူ့​ကို​ရေ​တိုက်​လော့​။


ငိုကြွေး​ရ​သော​အချိန်​နှင့် ရယ်မော​ရ​သော​အချိန်​ရှိ​၏​။ မြည်တမ်း​ရ​သော​အချိန်​နှင့် ကခုန်​ရ​သော​အချိန်​ရှိ​၏​။


ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို စားစရာ​ဝေပေး​ခြင်း​၊ အိုးမဲ့အိမ်မဲ့​ဆင်းရဲသား​များ​ကို အိမ်​သို့​ခေါ်လာ​ခြင်း​၊ အဝတ်မရှိ​သော​သူ​ကို​မြင်​လျှင် ဝတ်ပေး​ခြင်း​၊ မိမိ​သွေးသားချင်း​ကို လျစ်လျူ​မ​ရှု​ခြင်း​ပင် မ​ဟုတ်​လော​။


ရှင်ဘုရင်​သည် နန်းတော်​သို့​ပြန်လာ​၍ တစ်ညလုံး စားတော်မခေါ်​၊ ဖျော်ဖြေပွဲ​များ​လည်း ရှေ့​တော်​မ​သွင်း​၊ စက်တော်​လည်း မ​ခေါ်​နိုင်​ဘဲ ရှိ​လေ​၏​။


ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။


ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ