“ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
၁ ရာ 24:10 - မြန်မာ့စံမီသမ္မာကျမ်း ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။ Common Language Bible ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။- Garrad Bible ရှု တော် မူ ပါ။ ယ နေ့ တွင် အ ရှင် သိ တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် ဥမင် အ တွင်း အ ရှင် ကို ကျွန် တော့် လက် သို့ အပ် နှင်း တော် မူ သည် နှင့် လုပ် ကြံ ရန် တိုက် တွန်း ကြ သော် လည်း ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ဖြစ် သော ကျွန် တော့် အ ရှင် ကို လက် ရောက် ကျူး လွန် မည် မ ဟုတ် ဟု ပြ ဌာန်း လျက် အ သက် တော် ကို ချမ်း သာ စေ ပါ၏။ Judson Bible ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည် လက်ကိုမဆန့်ဟု အကြံရှိပါ၏။ |
“ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုတို့ကိုပြုခဲ့သည်ဆိုလျှင် တစ်နည်းအားဖြင့် အကျွန်ုပ်လက်၌ မတရားမှုရှိခဲ့သည်ဆိုလျှင်၊
အကျွန်ုပ်နှင့်သင့်မြတ်သောသူအပေါ် မကောင်းမှုပြုခဲ့၍ အကျွန်ုပ်ရန်သူ၏ဥစ္စာကို အကြောင်းမဲ့လုယူခဲ့သည်ဆိုလျှင်
သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။
ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။