ဆာလံ 125:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။ အခန်းကိုကြည့်ပါ။Common Language Bible3 သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။ အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊ ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible3 အ ဓ မ္မ မှု ကို ပြု ရ ကြ စေ ရန်၊ ဖြောင့် မတ် သူ တို့ ဝေ ပုံ အ ပေါ် တွင်၊ လူ ဆိုး တို့ အာ ဏာ စက် တည် ခွင့် မ ရှိ ရာ။ အခန်းကိုကြည့်ပါ။Judson Bible3 ဖြောင့်မတ်သောသူတို့သည် ဒုစရိုက်ကို ပြုသောအခွင့် မရှိစေခြင်းငှာ၊ မတရားသောသူတို့၏လှံတံသည် ဖြောင့်မတ်သောသူတို့၏ အမွေခံရာအဖို့အပေါ်မှာ မတည်မနေရ။ အခန်းကိုကြည့်ပါ။ |
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။