အရှင်မင်းကြီးကိုယ်တော်တိုင် ဆင်းလာလိုလျှင် ဆင်းလာတော်မူပါ။ သူ့ကို အရှင်မင်းကြီးလက်သို့ အကျွန်ုပ်တို့ အပ်ပါမည်”ဟု လျှောက်ဆိုကြ၏။
အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
သို့ ဖြစ်၍ ဘု ရင် မင်း မြတ် ဆင်း ချီ တော် မူ လို က၊ ဆင်း ချီ တော် မူ ပါ။ ကျွန် တော် တို့ သည် ဘု ရင် မင်း မြတ် လက် တော် သို့ ဒါ ဝိဒ် ကို အပ် ပါ မည် ဟု တင် လျှောက် ကြ သော်၊
အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည်အတိုင်း ကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီးလက်တော်သို့ အပ်သောအမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။
ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍ အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။
အကြောင်းမူကား သူစိမ်းတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။ ကြမ်းကြုတ်သောသူတို့သည်လည်း အကျွန်ုပ်အသက်ကိုရန်ရှာကြပါ၏။ သူတို့သည် ဘုရားသခင်ကို ဦးထိပ်ထားခြင်းမရှိကြပါ။(စေလာ)
ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒသည် ကောင်းကျိုးကိုသာဖြစ်စေတတ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား အမျက်ကိုဖြစ်စေတတ်၏။
အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။ သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။
များစွာသောလူတို့သည် အုပ်စိုးသူမင်းထံမှ မျက်နှာရရန်ရှာကြံတတ်ကြ၏။ သို့ရာတွင် လူသည် တရားမျှတမှုကို ထာဝရဘုရားထံတော်မှရ၏။
လေဝိအမျိုးတစ်စုံတစ်ယောက်သည် သူနေထိုင်သော အစ္စရေးမြို့တစ်မြို့မှ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ စိတ်အားထက်သန်စွာဖြင့် လာ၍
ထိုအခါ ဒါဝိဒ်က “ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏နောက်လိုက်တို့ကို ရှောလုမင်းကြီးလက်သို့ အပ်နှံကြမည်လော”ဟု မေးရာ ထာဝရဘုရားက “အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ရှောလုမင်းကြီးက သူတို့အား “သင်တို့ ငါ့ကို စာနာထောက်ထားကြသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးပါစေ။