ထို့ကြောင့် ယောနသန်က ဒါဝိဒ်အား “ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်ကို သတ်ရန်အခွင့်ရှာနေပါ၏။ သို့ဖြစ်၍ သတိထားလော့။ မနက်ဖြန်နံနက်အထိ လုံခြုံရာ၌ပုန်းနေပါလော့။
၁ ရာ 20:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောနသန်က “သင်၌ ထိုသို့ မဖြစ်ရ။ ငါ့ခမည်းတော်သည် သင့်အား မကောင်းကြံသည်ကို ငါသိခဲ့လျှင် သင့်ကို ငါမပြောဘဲ နေမည်လော”ဟု ပြန်ပြော၏။ Common Language Bible ယောနသန်က``ထိုသို့မစဉ်းစားပါနှင့်။ အကယ်၍ကျွန်ုပ်၏ခမည်းတော်သည်သင့် အားဘေးအန္တရာယ်ပြုရန် စိတ်ပိုင်းဖြတ် ထားသည်ကိုကျွန်ုပ်သိပါမူသင့်ကို မပြောဘဲနေမည်လော'' ဟုဆို၏။ Garrad Bible ယော န သန် က၊ ထို သို့ မ ထင် ပါ လင့်။ ခ မည်း တော် သည် အ ကယ်၍ သင်၌ အ သက် အ န္တ ရာယ် ဆုံး ဖြတ် ပြီး ဖြစ် ကြောင်း ကို ငါ သိ လျှင် မ ပြော မ ကြား ဘဲ နေ မည် လော ဟု ဆို ရာ၊ Judson Bible ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ဘေးပြုမည်ဟု အကြံရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အားမပြောဘဲ နေလိမ့်မည်လောဟု ဆို၏။ |
ထို့ကြောင့် ယောနသန်က ဒါဝိဒ်အား “ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်ကို သတ်ရန်အခွင့်ရှာနေပါ၏။ သို့ဖြစ်၍ သတိထားလော့။ မနက်ဖြန်နံနက်အထိ လုံခြုံရာ၌ပုန်းနေပါလော့။
ငါသည် ခမည်းတော်နှင့်အတူ သင်ပုန်းနေရာတောထဲသို့ လာ၍ သင့်အကြောင်းကို ခမည်းတော်နှင့် ပြောဆိုမည်။ အကြောင်းထူးရှိလျှင် သင့်ကို ပြောမည်”ဟု ဆို၏။
ဒါဝိဒ်ကလည်း ယောနသန်အား “အကယ်၍ သင့်ခမည်းတော်က သင့်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြန်ပြောလျှင် ကျွန်ုပ်ကို မည်သူပြောပြမည်နည်း”ဟု ဆို၏။
ထို့ပြင် ယောနသန်က “အလျင်အမြန် ပြေးပါတော့။ ရပ်မနေဘဲ အမြန်သာပြေးပါတော့”ဟု လူငယ်လေးနောက်မှ အော်ဟစ်၏။ လူငယ်လေးသည်လည်း ယောနသန်ပစ်လိုက်သောမြားကို ကောက်ပြီး သခင့်ထံပြန်လာ၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။