ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
၁ ရာ 20:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောနသန်က “ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့ကို သုတ်သင်တော်မူပါစေသော”ဟု ဆို၍ ဒါဝိဒ်၏အိမ်သူအိမ်သားတို့နှင့် ကတိသစ္စာပြုလေ၏။ Common Language Bible ကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ဒါ ဝိဒ် ကို ရန် သူ တို့ လက် ဖြင့် ဆပ် ပေး တော် မူ ပါ စေ သော ဟူ၍ လည်း ကောင်း၊ ဒါ ဝိဒ်၏ သား စဉ် မြေး ဆက် တိုင် အောင် ယော န သန် သ စ္စာ မိတ် ဖွဲ့ လေ ၏။ Judson Bible သစ္စာပျက်လျှင် ဒါဝိဒ်၏ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်လည်းကောင်း၊ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ထို့ကြောင့် ရှင်ဘုရင်သည် ရှောလုမင်းကြီးအဖို့ အာယ၏သမီးရိဇပက မွေးဖွားပေးသောသားနှစ်ယောက်ဖြစ်သည့် အာမောနိနှင့်မေဖိဗောရှက်၊ မေဟောလသိမြို့သား ဗာဇိလဲ၏သားအဒြေလအဖို့ ရှောလုမင်းကြီး၏သမီးမိခါလကမွေးဖွားပေးသောသားငါးယောက်တို့ကို ခေါ်ယူပြီး
ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်ဟု ကျိန်ဆိုပြီးလျှင်
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။
ထာဝရဘုရား၏နောက်တော်သို့ မလိုက်ဘဲလမ်းလွဲ၍ ယဇ်ပလ္လင်ကိုတည်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မိတ်သဟာယယဇ်များကို ပူဇော်လျှင် ထာဝရဘုရားကိုယ်တော်တိုင် စစ်ကြောစီရင်တော်မူပါ။
ယောနသန်သည် ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်နှင့်ကတိသစ္စာပြုလေ၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။
သင်တို့အားလုံးသည် ငါ့ကို ပူးပေါင်းကြံစည်ကြပြီ။ ငါ့သားနှင့်ယေရှဲ၏သားတို့ ကတိသစ္စာပြုကြသည်ကို ငါ့အား မည်သူမျှမပြောပြကြ။ ယခုကဲ့သို့ ငါ့အစေအပါးသည် ငါ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ငါ့သားကိုယ်တိုင် သွေးထိုးပေးသည်ကိုလည်း မည်သူမျှ ငါ့အဖို့ ဝမ်းမနည်းကြ။ ငါ့အား မည်သူမျှမပြောပြကြ”ဟု ဆို၏။
ထို့နောက် သူတို့နှစ်ဦး ထာဝရဘုရားရှေ့တော်တွင် ကတိသစ္စာပြု၍ ဒါဝိဒ်သည် ဟောရေရှအရပ်၌နေခဲ့ပြီး ယောနသန်ကား သူ့အိမ်သို့ပြန်သွားလေ၏။
ထို့ကြောင့် နံနက်မိုးသောက်ချိန်တွင် ငါသည် သူ့လူယောက်ျားတစ်စုံတစ်ယောက်ကို အသက်ရှင်ကျန်နေစေခဲ့လျှင် ဘုရားသခင်သည် ငါဒါဝိဒ်၏ရန်သူတို့ကို ထိုထက်မက စီရင်တော်မူပါစေ”ဟု ဆိုထားနှင့်၏။
ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးနှင့် သူ့သားတို့နောက်သို့ ထက်ကြပ်မကွာလိုက်၍ ရှောလုမင်းကြီး၏သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလခိရွှတို့ကို ကွပ်မျက်လိုက်လေ၏။