လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
၁ ရာ 19:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် ရာမမြို့၊ နာယုတ်အရပ်သို့သွား၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်ရောက်လာသဖြင့် သူသည် ပရောဖက်ပြုလျက် ရာမမြို့၊ နာယုတ်အရပ်ရောက်သည်အထိ သွား၏။ Common Language Bible ထိုရွာသို့ခရီးပြုနေခိုက်သူ၏အပေါ်သို့ လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက် တော်မူ၍ သူသည်တစ်လမ်းလုံးနာယုတ်ရွာ ရောက်သည်တိုင်အောင်ကခုန်အော်ဟစ်လျက် သွားလေသည်။- Garrad Bible ထို ကျောင်း သို့ သွား စဉ် တွင် သူ့ အ ပေါ် သို့ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့် ရာ မ မြို့ ကျောင်း တိုက် တိုင် အောင် ဟော ပြော သွား ရောက် လျက် Judson Bible ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့်၊ နာယုတ်ရွာတိုင်အောင် ပရောဖက်ပြုလျက် သွားလေ၏။ |
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ထာဝရဘုရားသည် ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီးလျှင် “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့်
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။
ထိုအရပ်သားတစ်ယောက်က “သူတို့၏ဖခင်ကား မည်သူများနည်း”ဟု ဆို၏။ ထိုအကြောင်းကြောင့် “ရှောလုသည်လည်း ပရောဖက်တို့အပါအဝင်ဖြစ်သလော”ဟူသော ဆိုရိုးဖြစ်ပေါ်လာခဲ့၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ တစ်မုဟုတ်ချင်းဆင်းသက်၍ သူတို့နှင့်အတူ ပရောဖက်ပြုပြီး လူသစ်တစ်ယောက်အဖြစ်ပြောင်းသွားလိမ့်မည်။
နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။
ဒါဝိဒ်သည် ထွက်ပြေးလွတ်မြောက်သွား၍ ရှမွေလရှိရာ ရာမမြို့သို့ရောက်လာပြီး မိမိအား ရှောလုပြုခဲ့သမျှကို ရှမွေလအား ပြောပြ၏။ ထို့နောက် ရှမွေလနှင့်ဒါဝိဒ်သည် နာယုတ်အရပ်၌ သွားနေကြ၏။
ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။
နောက်ဆုံး ရှောလုမင်းကြီးကိုယ်တိုင် ရာမမြို့သို့သွား၏။ စေခုအရပ်ရှိ ရေတွင်းကြီးအနားသို့ရောက်သောအခါ “ရှမွေလနှင့် ဒါဝိဒ် အဘယ်မှာရှိသနည်း”ဟု မေးလျှင် “ရာမမြို့၊ နာယုတ်အရပ်၌ရှိပါ၏”ဟု လျှောက်ကြ၏။