အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
၁ ရာ 17:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ထိုဖိလိတ္တိပြည်သားက “ယနေ့ ငါသည် အစ္စရေးစစ်သည်တို့ကို စိန်ခေါ်၏။ ငါနှင့်တိုက်မည့်သူတစ်ဦးကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆို၏။ Common Language Bible ယခုငါသည်ဣသရေလတပ်မတော်အားငါ နှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ်ပါ၏။ ငါနှင့် တိုက်ခိုက်ရန်လူတစ်ဦးကိုရွေးချယ်ကြလော့'' ဟုဆို၏။- Garrad Bible တစ် ဖန် တုံ၊ ငါ သည် ဣ သ ရေ လ ဗိုလ် ထု ကို မ ထီ လေး စား ပြု၏။ စီး ချင်း ထိုး မည့် သူ တစ် ယောက် ကို ထုတ် ပေး လော့ ဟူ၍ Judson Bible တစ်ဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှာ လူတစ်ယောက်ကိုပေးကြလော့ဟု ဆို၏။ |
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
သူရဲကောင်း နောက်တစ်ဦးမှာ အဟောဟိ၏မြေး၊ ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ စစ်တိုက်ရန် ချီလာသောဖိလိတ္တိလူမျိုးတို့ကို ဒါဝိဒ်မင်းကြီးနှင့်အတူစိန်ခေါ်ခဲ့သူ သူရဲကောင်းသုံးဦးတွင် သူလည်း အပါအဝင်ဖြစ်၏။ အစ္စရေးအမျိုးသားတို့ ဆုတ်ခွာသွားသောအခါ
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ရှောလုမင်းကြီးနှင့်တကွ အစ္စရေးစစ်သည်အားလုံးတို့သည် ထိုဖိလိတ္တိပြည်သား၏စကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားလျက် အလွန်ကြောက်ရွံ့ကြကုန်၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။
ဒါဝိဒ်ကလည်း ထိုဖိလိတ္တိပြည်သားအား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏။