ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
၁ ရာ 16:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အရှင့်ထံခစားသောအမှုထမ်းတို့အား စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာဖွေစေပါ။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးနှောင့်ယှက်သောအခါတိုင်း ထိုသူစောင်းတီးပေးလျှင် အရှင် ပြန်ကောင်းသွားပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။ Common Language Bible သို့ဖြစ်၍အရှင်မင်းကြီး၊ ကိုယ်တော်သည်အကျွန်ုပ် တို့အားအမိန့်ပေးတော်မူပါလျှင် စောင်းတီးတတ် သူကိုအကျွန်ုပ်တို့ရှာပါမည်။ သူသည်နတ်မိစ္ဆာ ဝင်လာချိန်၌စောင်းကိုတီးသဖြင့် အရှင်မင်း ကြီးသည်ပြန်လည်၍အကောင်းပကတိဖြစ် လာပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။ Garrad Bible သို့ ဖြစ်၍ လိ မ္မာ စွာ တီး တတ် သော စောင်း သ မား ကို ရှာ ဖွေ ရန် ခ စား သော ကျွန် တော် မျိုး တို့ အား အ မိန့် ထုတ် ဆင့် တော် မူ ပါ။ ဘု ရား သ ခင့် အ ထံ တော် မှ ကပ် ရောက် သော နတ် ဆိုး သည် ကိုယ် တော့် အ ပေါ် တွင် တည် သော အ ခါ စောင်း တီး ခြင်း အား ဖြင့် ကျန်း မာ တော် မူ ပါ လိမ့် မည် ဟု တင် လျှောက် ကြ လျှင် Judson Bible ခစားသော ကိုယ်တော်၏ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည်အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊ |
ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။
ယခု စောင်းသမားတစ်ယောက်ကို ငါ့ထံသို့ ခေါ်ခဲ့လော့”ဟု ဆို၏။ စောင်းသမားက စောင်းကိုတီးလိုက်သောအခါ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲထံ သက်ရောက်လာပြီး
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။
ယခုမှာ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းကြီးထံမှ ထွက်ခွာပြီး ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကို နှောင့်ယှက်လေ၏။
ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း “ကြည့်ရှုလော့။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် အရှင့်ကိုနှောင့်ယှက်ပါပြီတကား။
ထို့ကြောင့် ရှောလုမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ယခုပင် စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာ၍ ငါ့ထံသို့ခေါ်လာလော့”ဟု အမိန့်ပေး၏။
နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။
တစ်ဖန် ရှောလုမင်းကြီးသည် နန်းတော်တွင် လှံကိုကိုင်လျက် ထိုင်နေစဉ် ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကိုဝင်ပူးသဖြင့် ဒါဝိဒ်သည် စောင်းတီးပေးလျက်နေ၏။