အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
၁ ရာ 15:12 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။ Common Language Bible နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။- Garrad Bible နံ နက် အ ချိန် ထ၍ ရှော လု မင်း ကို တွေ့ ခြင်း ငှါ သွား ရာ ရှော လု မင်း သည် က ရ မေ လ မြို့ သို့ ရောက် ရာ တွင် အောင် လံ စိုက် ထူ လျက် လှည့် လည် လွန် သွား သ ဖြင့် ဂိ လ ဂါ လ မြို့ သို့ ရောက် သော သ တင်း ကို ကြား သည့် အ တိုင်း Judson Bible နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှာ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ရောက်၍ အောင်တိုင်ကိုစိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
‘ထာဝရဘုရားရှေ့တော်၌ ငါမျက်နှာမရသေး။ ဖိလိတ္တိလူမျိုးတို့သည်လည်း ငါရှိရာ ဂိလဂါလမြို့ကို လာတိုက်တော့မည်’ဟု တွေးပြီး အရဲစွန့်၍ မီးရှို့ရာယဇ်ကိုပူဇော်မိခဲ့ပါပြီ”ဟု ဆိုလေ၏။
ထို့နောက် ရှမွေလသည် ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့ တက်သွား၏။ ရှောလုမင်းကြီးသည် မိမိ၌ရှိသောလူတို့ကိုရေတွက်ကြည့်ရာ လူအယောက်ခြောက်ရာခန့်ရှိ၏။
ဒါဝိဒ်သည် နံနက်စောစောထ၍ မိမိသိုးအုပ်ကို သိုးထိန်းတစ်ဦးနှင့် အပ်ထားခဲ့ပြီးလျှင် ဖခင်ယေရှဲမှာလိုက်သည့်အတိုင်း စားစရာများကို ယူ၍ ထွက်သွား၏။ သူသည် တပ်စခန်းသို့ရောက်သောအခါ စစ်သည်တို့သည် စစ်မြေပြင်သို့ ချီတက်ပြီး စစ်ငြာသံပေးလျက်
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။
ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။