၁ ရာ 7:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ထို အ ခါ ရှ မွေ လ သည် မိ ဇ ပါ မြို့ နှင့် ရှင် မြို့ ကြား တွင် ကျောက် တိုင် တစ် တိုင် စိုက် ထူး ပြီး လျှင်၊ ငါ တို့ ကို ယ ခု တိုင် အောင် ထာ ဝ ရ ဘု ရား မ စ တော် မူ ပြီ ဟု ဆို လျက် ဧ ဗ နေ ဇာ ဟူ၍ သ မုတ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုအခါ ရှမွေလသည် ကျောက်ကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။ အခန်းကိုကြည့်ပါ။ |