ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
၁ ရာ 14:50 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။ Common Language Bible သူ၏ကြင်ယာတော်ကားအဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သေနာပတိမှာ ဦးရီးတော်နေရ၏သားအာဗနာဖြစ်သည်။- Garrad Bible မိ ဖု ရား ကား၊ အ ဟိ မတ် သ မီး အ ဟိ နောင် တည်း။ ဗိုလ် ချုပ် ကား ဘ ထွေး တော် နေ ရ သား အာ ဗ နာ တည်း။ Judson Bible မြောက်သားတော်ကား အဟိမတ်၏သမီး အဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော်နေရသား အာဗနာတည်း။ |
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့ စစ်ဖြစ်နေစဉ်ကာလတွင် အာဗနာသည် ရှောလုမင်းကြီးအမျိုးအနွယ်ထဲ၌ သြဇာအာဏာကြီးသူဖြစ်အောင် ကြိုးစားလေ၏။
စိတ်အာရုံရသူရှမွေလ၊ ကိရှ၏သားရှောလု၊ နေရ၏သားအာဗနာ၊ ဇေရုယာ၏သားယွာဘတို့ ဆက်ကပ်ထားသောပစ္စည်းအားလုံးအပါအဝင် လူတို့ဆက်ကပ်ထားသောပစ္စည်းမှန်သမျှတို့ကို ရှေလောမိတ်နှင့် သူ့ညီအစ်ကိုတို့ စောင့်ကြပ်ရ၏။
ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊
ထို့နောက်မှ ရှောလု၏ဘထွေးက ရှောလုနှင့်သူ၏ငယ်သားတို့အား “သင်တို့သည် မည်သည့်အရပ်သို့ ရောက်ခဲ့သနည်း”ဟု မေးလျှင် ရှောလုက “အကျွန်ုပ်တို့သည် မြည်းတို့ကိုလိုက်ရှာ၍ မတွေ့သောအခါ ရှမွေလထံသို့သွားကြပါ၏”ဟု ဖြေကြား၏။
ဖိလိတ္တိလူစွမ်းကောင်းကို တိုက်ခိုက်ရန် ထွက်သွားသောဒါဝိဒ်ကို ရှောလုမင်းကြီးကြည့်ပြီး စစ်သူကြီးအာဗနာအား “အာဗနာ၊ ဤလူငယ်သည် မည်သူ့သားနည်း”ဟု မေးလျှင် အာဗနာက “အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်မသိပါ”ဟု လျှောက်၏။
ထိုအခါ ဒါဝိဒ်သည် ထ၍ ရှောလုမင်းကြီး စခန်းချရာနေရာသို့သွားလျှင် ရှောလုမင်းကြီးနှင့် သူ၏စစ်သူကြီးဖြစ်သော နေရ၏သားအာဗနာတို့ အိပ်သောနေရာကို တွေ့လေ၏။ ရှောလုမင်းကြီးသည် တပ်သားများဝိုင်းရံထားသောတပ်စခန်းထဲ၌ အိပ်နေ၏။