သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။
၁ ရာ 14:47 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။ Common Language Bible ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။- Garrad Bible ရှော လု မင်း သည် ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး ရန် အ ခွင့် တော် ရ သည် နှင့် ပတ် ဝန်း ကျင် ရန် သူ တည်း ဟူ သော မော ဘ နှင့် ဧ ဒုံ မှ စ၍ အ မ္မုန် အ မျိုး သား တို့ ကိုလည်း ကောင်း၊ ဇော ဘ ဘု ရင် များ နှင့် ဖိ လိ တ္တိ လူ မျိုး ကိုလည်း ကောင်း စစ် တို က် လေ ရာ ရာ၌ ရဲ ရင့် စွာ ပြု၍ အောင် မြင် သည့် ပြင် အာ မ လက် လူ မျိုး ကို လည်း လုပ် ကြံ သ ဖြင့် Judson Bible ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကိုစစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကိုအောင်လေ၏။ |
သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။
သမီးငယ်သည်လည်း သားကိုမွေးဖွား၍ သူ၏အမည်ကို ဗင်အမ္မိ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် အမ္မုန်အမျိုးသားတို့၏ဖခင်ဖြစ်၏။
ယောနသန်၏လေးသည် အသတ်ခံရသူ၏အသွေးကို မသောက်ရဘဲ၊ ခွန်အားကြီးသူတို့၏အဆီကို မစားရဘဲ နောက်ပြန်မဆုတ်တတ်။ ရှောလုမင်းကြီး၏ဓားသည်လည်း လက်ချည်းသက်သက် ပြန်မလာတတ်။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ထို့ပြင် ဘုရားသခင်သည် ဧလျာဒ၏သားရေဇုန်ကိုလည်း နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ သူသည် မိမိသခင် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးထံမှ ထွက်ပြေးခဲ့သူဖြစ်၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုး၏အမည်ကို ကောင်းကင်အောက်တွင် ပယ်ဖျက်ပစ်မည်ဟု မိန့်တော်မူခြင်းမရှိသောကြောင့် ယောရှမင်းကြီး၏သားတော် ယေရောဗောင်လက်ဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။
ရှောလုသည် တစ်နှစ်ခန့်ဘုရင်ဖြစ်လာပြီး အစ္စရေးလူမျိုးကို နှစ်နှစ်ခန့်အုပ်စိုးပြီးသောအခါ
ရှောလုမင်းကြီးလည်း ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့နေရပ်သို့ ပြန်သွားကြလေ၏။
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။