ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
၁ ရာ 13:5 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။- Garrad Bible ဖိ လိ တ္တိ တပ် လည်း၊ ဣ သ ရေ လ တပ် နှင့် တိုက် ခိုက် ရန် စု ရုံး လျက် စစ် ရ ထား သုံး သောင်း၊ မြင်း စီး သူ ရဲ ခြောက် ထောင်၊ သ မု ဒ္ဒ ရာ ကမ်း ရှိ သဲ လုံး နှင့် အ မျှ များ သော ခြေ သည် သူ ရဲ တို့ ချီ တက်၍ ဗေ သ ဝင် မြို့ ရှေ့၊ မိတ် မတ် မြို့ တွင် စွဲ ရပ် ကုန်၏။ Judson Bible ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလ အမျိုးသားတို့ကိုစစ်တိုက်ခြင်းငှာ၊ ရထားသုံးသောင်းနှင့် မြင်းခြောက်ထောင်ကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှရှိသောလူများကိုလည်းကောင်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။ |
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
အစ္စရေးအမျိုးသားတို့လည်း စုရုံး၍ ရိက္ခာဖြည့်တင်းပြီးလျှင် ဆီးရီးယားတပ်နှင့်ရင်ဆိုင်တိုက်ခိုက်ရန် ချီလာကာ မျက်နှာချင်းဆိုင်တွင် စခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့ရှေ့တွင် ဆိတ်အုပ်လေးနှစ်အုပ်သဖွယ်ဖြစ်နေ၏။ ဆီးရီးယားတို့မူကား တစ်ပြည်လုံးအနှံ့တပ်စွဲထားကြ၏။
ယခုမှာ အို ဘုရားသခင်ထာဝရဘုရား၊ မြေမှုန့်ကဲ့သို့ များပြားလှသောလူတို့ကို အကျွန်ုပ်အား အုပ်စိုးစေတော်မူပြီဖြစ်၍ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ပေးထားသောကတိစကားတော်သည် တည်ပါစေသော။
သူသည် အာဣမြို့သို့ရောက်လေပြီ။ မိဂရုန်မြို့ကိုဖြတ်သွားပြီ။ မိတ်မတ်မြို့၌ သူ၏အထုပ်အပိုးများကို ချထားပြီ။
သင်၏အမျိုးအနွယ်သည် သဲပွင့်ကဲ့သို့ များပြားမည်။ သင်၏သားမြေးတို့သည် သဲလုံးကဲ့သို့ များပြားမည်။ သူတို့၏အမည်သည် ငါ့ရှေ့မှောက်မှ ပယ်ဖျက်ခြင်းခံရမည်မဟုတ်။ ဖျောက်ဖျက်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။
အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။
ဂိဗာမြို့၌ သိုးချိုမှုတ်ကြလော့။ ရာမမြို့၌ တံပိုးခရာမှုတ်ကြလော့။ ဗေသဝင်မြို့၌ တပ်လှန့်အချက်ပေးကြလော့။ ‘အို ဗင်္ယာမိန်၊ အနောက်သို့လှည့်ကြည့်လော့။’
ဟေရှာယကလည်း အစ္စရေးလူမျိုးနှင့်ပတ်သက်၍ “အစ္စရေးအမျိုးသားတို့၏အရေအတွက်သည် ပင်လယ်သဲပွင့်များနှင့်အမျှရှိသော်လည်း ကျန်ရစ်သောသူမျှသာ ကယ်တင်ခြင်းခံရလိမ့်မည်။
ထိုဘုရင်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ အရေအတွက်များပြားလှသောစစ်သည်များ၊ မြင်းများ၊ စစ်ရထားများနှင့်တကွ ချီတက်လာကြ၏။
သူတို့၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်မှအစပြု၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဂျေရိခေါတောင်စောင်းတစ်လျှောက်သို့ တက်သွားပြီး အနောက်ဘက်တောင်ပေါ်ဒေသသို့ဆက်သွားကာ ဗေသဝင်တောကန္တာရတွင် ဆုံး၏။
ယောရှုသည် ဂျေရိခေါမြို့မှ ဗေသလမြို့အရှေ့ဘက်၊ ဗေသဝင်မြို့အနီးရှိ အာဣမြို့သို့ လူလွှတ်၍ “ထိုအရပ်သို့သွားပြီး စူးစမ်းကြလော့”ဟု မှာလိုက်လေ၏။ သူတို့သည်လည်း သွား၍ အာဣမြို့ကို စူးစမ်းကြ၏။
ကျိုင်းကောင်အုပ်သဖွယ် များပြားလှသော မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချလျက်ရှိကြ၏။ သူတို့၏ကုလားအုတ်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ မရေတွက်နိုင်အောင်များပြား၏။
ရှမွေလကလည်း သူ့အား “သင်မည်သို့ပြုဘိသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “လူတို့သည် အကျွန်ုပ်ထံမှ ထွက်သွားကြပြီ။ အရှင်လည်း ချိန်းချက်ထားသောအချိန်တွင် ရောက်မလာ။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိတ်မတ်မြို့၌စုဝေးနေကြသည်ကို မြင်တွေ့ရသောအခါ
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို ထိုနေ့တွင် ကယ်တင်တော်မူ၍ တိုက်ပွဲမှာ ဗေသဝင်မြို့သို့တိုင် ရောက်လေ၏။
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
ယခုတစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ရန် စစ်သည်တို့ကို စုစည်းကြ၏။ သူတို့သည် စောခေါမြို့တွင် စုဝေး၍ ယုဒပြည်၊ စောခေါမြို့နှင့် အဇေကာမြို့ကြားရှိဧဖက်ဒမိမ်အရပ်တွင် စခန်းချကြ၏။
ဤသို့ ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်သဖြင့် အစ္စရေးလူမျိုးတို့၏နယ်မြေထဲသို့ နောက်တစ်ဖန် မကျူးကျော်ဝံ့ကြတော့ချေ။ ရှမွေလလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်တော်မူ၏။