၃ ရာ 20:27 - မြန်မာ့စံမီသမ္မာကျမ်း27 အစ္စရေးအမျိုးသားတို့လည်း စုရုံး၍ ရိက္ခာဖြည့်တင်းပြီးလျှင် ဆီးရီးယားတပ်နှင့်ရင်ဆိုင်တိုက်ခိုက်ရန် ချီလာကာ မျက်နှာချင်းဆိုင်တွင် စခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့ရှေ့တွင် ဆိတ်အုပ်လေးနှစ်အုပ်သဖွယ်ဖြစ်နေ၏။ ဆီးရီးယားတို့မူကား တစ်ပြည်လုံးအနှံ့တပ်စွဲထားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible27 ဣ သ ရေ လ အ မျိုး သား တို့ လည်း စား နပ် ရိ က္ခာ အ စုံ နှင့် စု ရုံး လျက် ဆီး ဆို့ ရန် ချီ ထွက် ကြ ရာ ပြည် လုံး နှံ့ သော ရှု ရိ တပ် တို့ ရှေ့ တွင် ဆိတ် အုပ် နှစ် စု မျှ သ ဖွယ် စွဲ ရပ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဣသရေလအမျိုးသားတို့သည်စာရင်းဝင်၍ ရိက္ခာကိုပြင်ဆင်ပြီးမှ စစ်ချီကြ၏။ ရှုရိလူတို့သည် တစ်ပြည်လုံးအနှံ့အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလလူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့ တပ်ချကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။