ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
၁ ရာ 10:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ တစ်မုဟုတ်ချင်းဆင်းသက်၍ သူတို့နှင့်အတူ ပရောဖက်ပြုပြီး လူသစ်တစ်ယောက်အဖြစ်ပြောင်းသွားလိမ့်မည်။ Common Language Bible ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် သင့် အ ပေါ် သို့ အ ဆော တ လျင် သက် ရောက် သ ဖြင့် လူ တ ဖြစ် ပြောင်း လဲ၍ သူ တို့ နှင့် အ တူ ဟော ပြော ခွင့် ရ လိမ့် မည်။ Judson Bible ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့်အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။ |
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။
သို့သော် ဧလဒဒ်နှင့် မေဒဒ် အမည်ရှိသောသူနှစ်ယောက်သည် လူခုနစ်ဆယ်ထဲတွင်စာရင်းဝင်သော်လည်း သူတို့သည် တဲတော်သို့မသွားဘဲ တပ်စခန်း၌ ကျန်နေခဲ့၏။ ဝိညာဉ်တော်သည် သူတို့၌လည်း ကိန်းဝပ်တော်မူသဖြင့် သူတို့သည် တပ်စခန်းထဲ၌ ပရောဖက်ပြုဟောပြောကြ၏။
မောရှေကလည်း “ငါ့အစား သင်ငြူစူရသလော။ ထာဝရဘုရား၏လူရှိသမျှတို့အား ထာဝရဘုရားသည် ဝိညာဉ်တော်ကိုပေးအပ်သဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြပါစေသော”ဟု ဆိုပြီးနောက်
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။
ရှောလုသည် ရှမွေလကို ကျောခိုင်း၍ ထွက်သွားစဉ်တွင် ဘုရားသခင်သည် သူ့ကို စိတ်နှလုံးသစ် ပြောင်းလဲပေးလိုက်သဖြင့် ထိုနေ့တွင်ပင် နိမိတ်လက္ခဏာများ အလုံးစုံဖြစ်လာ၏။
ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက်
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။