ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
၁ ယော 3:8 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။ Common Language Bible အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။ Garrad Bible အ ပြစ် ပြု ကျင့် သူ သည် အ စ အ ဦး က ပြစ် မှား လေ့ ရှိ သော မာရ် နတ် ဘက် သား ဖြစ်၏။ မာရ် နတ်၏ အ မှု အ ရာ များ ကို ဖြို ဖျက် ရန် ဘု ရား သ ခင့် သား တော် ထင် ရှား တော် မူ ခဲ့၏။ Judson Bible မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။ |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
သို့ဖြစ်၍ မောရှေသည် ကြေးနီမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်၌ တင်ထားလေ၏။ မြွေအကိုက်ခံရသောသူသည် ကြေးနီမြွေရုပ်ကိုကြည့်သောအခါ အသက်ချမ်းသာရာရ၏။
သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။
ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
ကိုယ်တော်ကလည်း“စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။
ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။
ဤလောကကိုအုပ်ချုပ်သူသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ဖော်ပြမည်။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့သည်လည်း ၎င်းကိုမြင်ရ၍ သက်သေခံလျက် ခမည်းတော်နှင့်အတူရှိပြီး ငါတို့၌ထင်ရှားသော ထိုထာဝရအသက်အကြောင်းကို သင်တို့အား ပြောကြားကြ၏။
ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။
ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြသည်ကိုလည်းကောင်း၊ ကမ္ဘာလောကတစ်ခုလုံးသည် မာရ်နတ်လက်အောက်၌ရှိသည်ကိုလည်းကောင်း ငါတို့သိကြ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။
သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။