ဖြောင့်မတ်သောသူသည် မိမိ၏အိမ်နီးချင်းကို လမ်းပြတတ်၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား သူတို့ကိုပင် မှားယွင်းစေတတ်၏။
၁ ယော 2:26 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုလှည့်ဖြားသောသူတို့နှင့်ပတ်သက်၍ ဤအကြောင်းအရာများကို သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။ Common Language Bible သင်တို့အားမှောက်မှားလမ်းလွဲစေရန်ကြိုးစား သူတို့၏အကြောင်းနှင့်ပတ်သက်၍ ဤအကြောင်း အရာများကိုငါစာရေးလိုက်၏။- Garrad Bible သင် တို့ အား လှည့် ဖြား လို သူ တို့ နှင့် စပ်၍ ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက် သော် လည်း၊ Judson Bible သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား လမ်းလွဲစေရန် ကြိုးစားနေသောသူများအကြောင်းကို သင်တို့ထံ ကျွန်ုပ်ရေးလိုက်၏။ |
ဖြောင့်မတ်သောသူသည် မိမိ၏အိမ်နီးချင်းကို လမ်းပြတတ်၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား သူတို့ကိုပင် မှားယွင်းစေတတ်၏။
ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဆိုလျက် ငါ့လူမျိုးတော်ကို လှည့်စားကြ၏။ တစ်ယောက်က မြို့ရိုးကိုတည်ဆောက်၍ သူတို့က ထုံးဖြူသုတ်၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
အကြောင်းမူကား ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်မခံသောသူဖြစ်သည့် လှည့်ဖြားသောသူများစွာတို့သည် ဤလောက၌ပေါ်လာကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်အန်တုသူလည်းဖြစ်၏။