၁ တိ 4:1 - မြန်မာ့စံမီသမ္မာကျမ်း1 သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible1-3 သို့ ရာ တွင် အိမ် ထောင် မ ပြု ရ ဟူ၍ လည်း ကောင်း၊ အ စာ မျိုး စုံ မ စား ရ ဟူ၍ လည်း ကောင်း မြစ် တား သူ၊ သြ တ္တ ပ္ပ စိတ် ခဲ ယဉ်း စွာ မိ စ္ဆာ ဒိ ဌိ သင် ကြား သူ တို့၏ သီ လ ကြောင် ခြင်း ကြောင့် အ ချို့ တို့ သည် လှည့် စား သော ဝိ ညာဉ် များ နှင့် နတ် ဆိုး တို့ သြ ဝါ ဒ ကို ဂ ရု ပြု သ ဖြင့် နောင် ကာ လ များ တွင် ယုံ ကြည် ခြင်း တ ရား မှ ဖောက် ပြန် ကြ မည့် အ ကြောင်း ဝိ ညာဉ် တော် က အ တည့် အ လင်း ဆင့် ဆို တော် မူ၏။ သ မ္မာ တ ရား ကို သိ ကျွမ်း၍ ယုံ ကြည် သူ တို့ သည် ကျေး ဇူး တော် ကို ချီး မွမ်း လျက် သုံး ဆောင် ကြ ရ စေ ရန် ၎င်း အ စာ မျိုး ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible1-2 ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသားစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 နောက်ဆုံးသောနေ့ရက်များ၌ လူတချို့သည် မိမိတို့၏ ယုံကြည်ခြင်းတရားကို စွန့်၍ လူကို လှည့်စားသောဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ သွန်သင်မှုကို ခံယူကြလိမ့်မည်ဟု ဝိညာဉ်တော်သည် ရှင်းလင်းစွာ မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။