အကယ်စင်စစ် မိမိ၏မိခင်နှင့်အတူရှိသည့် နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ငြိမ်သက်တိတ်ဆိတ်စွာနေစေပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ဖြစ်ပါ၏။
၁ ပေ 3:4 - မြန်မာ့စံမီသမ္မာကျမ်း နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။ Common Language Bible မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။- Garrad Bible ဘု ရား သ ခင့် ရှေ့ တော်၌ ရ တ နာ မြတ် ဖြစ် လျက် မ ပျက် စီး နိုင် သော နူး ညံ့ သိမ် မွေ့ ခြင်း သ ဘော နှင့် ပုန်း ကွယ် သူ တည်း ဟူ သော စိတ် နှ လုံး ကို ဆင် ယင် ကြ လော့။ Judson Bible ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်းဖြစ်သည့် မပျက်စီးနိုင်သောအတွင်းစိတ်အလှတရားများဖြင့်သာ အလှဆင်ကြလော့။ ဤအရာသည် ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးတန်၏။ |
အကယ်စင်စစ် မိမိ၏မိခင်နှင့်အတူရှိသည့် နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ငြိမ်သက်တိတ်ဆိတ်စွာနေစေပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ဖြစ်ပါ၏။
ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းနှင့်တင့်တယ်စေတော်မူ၏။
စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။ မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ပရောဖက်ယေရမိသည် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံလေးနှစ်တွင် ဇေဒကိမင်းကြီးနှင့်အတူ ဘေဘီလုံမြို့သို့လိုက်ပါသွားသော မာသေယ၏မြေး၊ နေရိ၏သား အတွင်းဝန်စရာယအား စာပေးလိုက်၏။
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
မျက်စိမမြင်သောဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကို ဦးစွာစင်ကြယ်စေကြလော့။ ထိုသို့ပြုလျှင် ၎င်း၏အပြင်ဘက်လည်း စင်ကြယ်လာလိမ့်မည်။
နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။
မိုက်မဲသောသူတို့၊ အပြင်ဘက်ကိုဖန်ဆင်းတော်မူသောအရှင်သည် အတွင်းဘက်ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။
အရာရာ၌ စိတ်နှိမ့်ချခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းအပြည့်အဝရှိလျက် စိတ်ရှည်စွာဖြင့် ချစ်ခြင်းမေတ္တာ၌ တစ်ဦးကိုတစ်ဦးသည်းခံကာ
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
ထိုသို့သောသူတို့သည် ကိုယ့်ထမင်းကိုယ်စားနိုင်ရန်အတွက် အေးဆေးတည်ငြိမ်စွာအလုပ်လုပ်ကြရန် သခင်ယေရှုခရစ်တော်၌ ငါတို့ညွှန်ကြားလျက် တိုက်တွန်းနှိုးဆော်ကြပါ၏။
ဤသည်ကား ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်တည်ကြည်လေးနက်ခြင်းအပြည့်အဝရှိလျက် အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။