အသက်ရှင်၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါရှိသမျှသည် သင်တို့၏စားစရာဖြစ်လိမ့်မည်။ စိမ်းလန်းသောအပင်တို့ကို သင်တို့အား ငါပေးသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို သင်တို့အား ငါပေး၏။
၁ တိ 4:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အိမ်ထောင်ပြုခြင်းကိုတားမြစ်ကြ၍ ယုံကြည်သူနှင့်သမ္မာတရားကိုသိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက်သုံးဆောင်ရန်အတွက် ဘုရားသခင်ဖန်ဆင်းထားသောအစားအစာများကို ရှောင်ကြဉ်စေကြလိမ့်မည်။ Common Language Bible ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။- Judson Bible မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍လည်းကောင်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍လည်းကောင်း ပညတ်ထားကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် အိမ်ထောင်မပြုရ ဟူ၍လည်းကောင်း၊ အချို့သောအစားအစာများကို မစားရ ဟူ၍လည်းကောင်း တားမြစ်ကြ၏။ အမှန်တွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက် စားနိုင်ကြစေရန် ထိုအစားအစာများကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။ |
အသက်ရှင်၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါရှိသမျှသည် သင်တို့၏စားစရာဖြစ်လိမ့်မည်။ စိမ်းလန်းသောအပင်တို့ကို သင်တို့အား ငါပေးသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို သင်တို့အား ငါပေး၏။
ကြည့်ရှုလော့။ ဘုရားသခင်ပေးတော်မူသည့် အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူသည် စားလျက်၊ သောက်လျက်၊ နေအောက်၌ ကြိုးပမ်းအားထုတ်သည့် မိမိ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ကျေနပ်အားရလျက်နေခြင်းသည် ကောင်းမြတ်၍တင့်တယ်ကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ဤအရာသည် လူ၏ဝေစုဖြစ်၏။
သူသည် သူ့ဘိုးဘေးတို့၏ဘုရားကိုဖြစ်စေ၊ မိန်းမတို့နှစ်သက်သည့်ဘုရားများကိုဖြစ်စေ မည်သည့်ဘုရားကိုမျှ အလေးမထား၊ ဘုရားတကာထက် ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်လိမ့်မည်။
ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
သူတို့နှင့်အတူ စားပွဲ၌ထိုင်တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။
သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ
ဤသို့ဆိုပြီးနောက် ပေါလုသည် မုန့်ကိုယူ၍ အားလုံး၏ရှေ့တွင် ဘုရားသခင်အားကျေးဇူးတင်လျက် မုန့်ကိုဖဲ့၍စားလေ၏။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။
အစားအစာသည် ဘုရားသခင်ရှေ့တော်၌ ငါတို့ကို မျက်နှာရစေလိမ့်မည်မဟုတ်။ မစားဘဲနေလျှင်လည်း အရှုံးမရှိ။ စားလျှင်လည်း အမြတ်မရ။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
အမှန်စင်စစ် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာရှိသမျှသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ခံယူလျှင် ပစ်ပယ်ရမည့်အရာတစ်စုံတစ်ခုမျှမရှိ။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
သူမရောက်လာမချင်း လူတို့သည် စားခွင့်မရှိ။ သူလာ၍ ယဇ်ကောင်ကိုကောင်းချီးပေးပြီးမှ ဖိတ်ခေါ်ထားသောသူတို့သည် စားရမည်ဖြစ်သောကြောင့် စားသောက်ဖို့ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ သူမတက်သွားမီ သင်တို့ မြို့ထဲဝင်သည်နှင့် သူ့ကိုတွေ့ရလိမ့်မည်။ ထို့ကြောင့် ယခု သင်တို့တက်သွားလျှင် သူ့ကိုတွေ့နိုင်ကောင်းပါ၏”ဟု ပြန်ပြော၏။