သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။
၁ တိ 4:13 - မြန်မာ့စံမီသမ္မာကျမ်း ငါလာသည့်တိုင်အောင် ကျမ်းစာဖတ်ကြားခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် သွန်သင်ခြင်းတို့ကို ဂရုစိုက်လုပ်ဆောင်လော့။ Common Language Bible ငါလာသည်တိုင်အောင်လူပရိသတ်ရှေ့ ကျမ်းစာတော်ကိုဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းတို့ကိုဂရုပြုလော့။- Garrad Bible ငါ မ ရောက် မ ချင်း ဖတ် ရွက် မှု၊ နှိုး ဆော် မှု၊ သင် ကြား မှု များ ကို ဂ ရု ပြု လော့။ Judson Bible ငါမလာမီတိုင်အောင်၊ ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ရောက်မလာမီ ပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်းတို့ကို အားထုတ်ဆောင်ရွက်လော့။ |
သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
ငါတို့မူကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်”ဟု ဆိုကြ၏။
တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
ဤတရားစကား၊ ဤပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်း၍ မိမိ၏ဘုရားသခင်ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို သင်ယူနိုင်ရန် ထိုကျမ်းစာလိပ်ကို မိမိနှင့်အတူထား၍ အသက်ရှင်သမျှကာလပတ်လုံး ဖတ်ရှုရမည်။
သင့်ကိုယ်သင်သော်လည်းကောင်း၊ သင်၏သွန်သင်ချက်ကိုသော်လည်းကောင်း ဂရုစိုက်၍ ထိုသွန်သင်ချက်တို့၌ အမြဲတည်နေလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်ကိုနားထောင်သောသူတို့ကို ကယ်တင်လိမ့်မည်။
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။