လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
၁ ကော 9:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ကောင်းမြတ်သောသတင်းကို ဟောပြောသောသူတို့သည်လည်း ကောင်းမြတ်သောသတင်းအားဖြင့် အသက်မွေးကြရန် သခင်ဘုရားမိန့်မှာတော်မူခဲ့၏။ Common Language Bible ထိုနည်းတူစွာသတင်းကောင်းကိုဟောပြော ကြေညာသူတို့သည်လည်း သတင်းကောင်း အားဖြင့်အသက်မွေးရမည်ဟူ၍သခင် ဘုရားမိန့်မှာတော်မူခဲ့၏။ Garrad Bible ထို နည်း တူ ပင် သ တင်း တော် မြတ် ကို ကြော် ငြာ သူ တို့ သည် ထို သ တင်း တော် အား ဖြင့် အ သက် မွေး ခွင့် ရ စေ ရန် အ ရှင် ဘု ရား စီ မံ တော် မူ ၏။ Judson Bible ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သတင်းကောင်းကို ဟောပြောသောသူတို့သည် ထိုသတင်းကောင်းအားဖြင့် အသက်မွေးခွင့်ရှိကြောင်း သခင်ဘုရားမိန့်တော်မူခဲ့၏။ |
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်ခံလျှင် သင်တို့ရှေ့၌တည်ခင်းသောအရာများကို စားကြလော့။
အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
ငါတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို သင်တို့၌စိုက်ပျိုးခဲ့သည်ဆိုလျှင် သင်တို့ထံမှ ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများကို ရိတ်သိမ်းကြခြင်းသည် လွန်ရာကျသလော။
အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
ငါသည် ကောင်းမြတ်သောသတင်းကိုဟောပြောလျှင်လည်း ငါ့အတွက် ဂုဏ်ယူဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌မဖြစ်မနေဟောပြောရမည့်တာဝန်ရှိ၏။ ကောင်းမြတ်သောသတင်းကို ငါမဟောပြောဘဲနေလျှင် ငါ့အတွက် အမင်္ဂလာဖြစ်၏။
ငါသည် ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် တရောမြို့သို့ရောက်သောအခါ သခင်ဘုရားသည် ငါ့အတွက်တံခါးဖွင့်ပေးခဲ့သော်လည်း
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။