သင်သည် မကောင်းသောအတတ်ပညာကို ယုံကြည်ကိုးစား၏။ “ငါ့ကို မည်သူမျှမမြင်”ဟုသင်ဆို၏။ သင်၏ဉာဏ်ပညာ၊ သင်၏အသိပညာသည် သင့်ကိုလမ်းလွဲစေသဖြင့် သင်က “ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ”ဟု သင့်စိတ်ထဲ၌ပြောဆို၏။
၁ ကော 8:1 - မြန်မာ့စံမီသမ္မာကျမ်း ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။ Common Language Bible သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။- Garrad Bible ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား နှင့် စပ်၍ လည်း ငါ တို့ ရှိ သ မျှ၌ အ သိ ပ ညာ ရှိ ကြောင်း သိ ကြ လှ၏။ အ သိ ပ ညာ သည် ဖောင်း ကြွ ခြင်း၊ မေ တ္တာ မူ ကား ဆောက် တည် ခြင်း ဖြစ် စေ တတ်၏။ Judson Bible ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။ |
သင်သည် မကောင်းသောအတတ်ပညာကို ယုံကြည်ကိုးစား၏။ “ငါ့ကို မည်သူမျှမမြင်”ဟုသင်ဆို၏။ သင်၏ဉာဏ်ပညာ၊ သင်၏အသိပညာသည် သင့်ကိုလမ်းလွဲစေသဖြင့် သင်က “ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ”ဟု သင့်စိတ်ထဲ၌ပြောဆို၏။
မိမိကိုယ်မိမိပညာရှိသူ၊ အသိဉာဏ်ရှိသူဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။
သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။
၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
လူမျိုးခြားတို့ထဲမှ ယုံကြည်လာသောသူတို့အတွက်မူကား ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်ထားသောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ရန် ငါတို့ဆုံးဖြတ်၍ စာရေးသားပေးပို့ကြပြီ”ဟု ဆိုကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
သင်သည် မိမိ၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တော်၌သာရှိစေလော့။ မှန်သည်ဟုလက်ခံထားသောအမှုအရာ၌ မိမိ၏ဩတ္တပ္ပစိတ်ကြည်လင်သောသူသည် မင်္ဂလာရှိ၏။
စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
ငါ့ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင် ကောင်းမြတ်ခြင်းနှင့်ပြည့်ဝလျက် အသိပညာအမျိုးမျိုးနှင့်ပြည့်စုံကာ အချင်းချင်းကိုသတိပေးဆုံးမနိုင်ကြသည်ဟု သင်တို့နှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချ၏။
အကြောင်းမူကား သင်တို့သည် နှုတ်သတ္တိရှိသမျှ၌ဖြစ်စေ၊ ဉာဏ်သတ္တိရှိသမျှ၌ဖြစ်စေ၊ အရာရာတို့၌ ခရစ်တော်အားဖြင့် ကြွယ်ဝပြည့်စုံ၍
သင်တို့အား ပညာသတိရှိသောသူကိုပြောသကဲ့သို့ ငါပြော၏။ ငါပြောသောအရာကို ဆင်ခြင်သုံးသပ်ကြလော့။
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
လူအချို့တို့သည် သင်တို့ထံသို့ ငါရောက်လာမည်မဟုတ်ဟုထင်မှတ်၍ မာနထောင်လွှားလျက်ရှိကြ၏။
ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။
သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ထိုအမှုကိုပြုသောသူအား သင်တို့အထဲမှ ဖယ်ရှားရမည့်အစား မာနထောင်လွှားလျက်နေကြ၏။
သင်တို့၏ဝါကြွားခြင်းသည် ကောင်းသည်မဟုတ်။ အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေတတ်သည်ကို သင်တို့မသိကြသလော။
မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟုထင်မှတ်လျှင် ထိုသူသည် သိသင့်သည့်အတိုင်းပင် မသိသေး။
ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။
သို့သော် လူတိုင်း၌ ဤအသိပညာရှိသည်မဟုတ်။ လူအချို့တို့သည် ရုပ်တုကိုးကွယ်သည့်အလေ့အထရှိခဲ့သည်ဖြစ်၍ ထိုအသားကိုစားသောအခါ ယခုအထိပင် ရုပ်တုအားပူဇော်ထားသောအရာများအဖြစ်စားကြသဖြင့် သူတို့၏အားနည်းသည့်အသိစိတ်သည် မသိုးမသန့်ဖြစ်ရ၏။
ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။