Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 14:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သင်​သည် မိမိ​၌​ရှိ​သော​ယုံကြည်​ခြင်း​ကို ဘုရားသခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်ခံ​ထား​သော​အမှုအရာ​၌ မိမိ​၏​ဩတ္တပ္ပစိတ်​ကြည်လင်​သော​သူ​သည် မင်္ဂလာရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သင့် စိတ် ချ ခြင်း သည် ဘု ရား သ ခင့် ရှေ့ ကိုယ် တွင် သာ ရှိ စေ လော့။ ကိုယ့် သ ဘော ကျ ရာ နှင့် စပ်၍ ကိုယ် ကို စီ ရင် ခြင်း ကင်း သော သူ သည် မင်္ဂ လာ ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​သည် ယုံ​ခြင်း​ရှိ​လျှင် ကိုယ်​အ​လို​အ​လျောက် ဘု​ရား​သ​ခင့်​ရှေ့၌ ရှိ​စေ​လော့။ ကိုယ်​လက်​ခံ​သော​အ​မှု​မှာ ကိုယ်​ကို​မ​စစ်​ကြော မ​စီ​ရင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 သင်​ပြုသော​အမှုကိစ္စ​နှင့်​ပတ်သက်၍ အမှား​မရှိ​ဟု သင်​ယုံကြည်​လျှင်လည်း ထို​ယုံကြည်ခြင်း​ကို သင်​နှင့် ဘုရားသခင်​အကြား​၌သာ ရှိစေလော့။ မိမိ​မှန်သည်​ဟု လက်ခံထားသည့်​အမှုကိစ္စ​ကို ပြုလုပ်ခြင်း​အတွက် အပြစ်​မရှိ​ဟု ခံစားရသော​သူ​သည် မင်္ဂလာရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:22
13 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။


ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။


အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။


သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။


အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။


ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။


ငါ​သည် မိမိ​ပြု​နေ​သည့်​အမှု​ကို​ပင် ကိုယ်တိုင်​နား​မ​လည်​ပေ။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် ကိုယ်​ပြု​လို​သော​အရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အရာ​ကို ပြု​နေ​၏။


ငါ​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်သူ​သည် သေ​ခြင်း​နှင့်ဆိုင်သော ဤ​ကိုယ်ခန္ဓာ​မှ ငါ့​ကို ကယ်နုတ်​မည်နည်း။


သို့သော် လူ​တိုင်း​၌ ဤ​အသိပညာ​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထ​ရှိ​ခဲ့​သည်​ဖြစ်၍ ထို​အသား​ကို​စား​သောအခါ ယခု​အထိ​ပင် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​အဖြစ်​စား​ကြ​သဖြင့် သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​သည် မသိုးမသန့်​ဖြစ်​ရ​၏။


ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။


ညီအစ်ကို​တို့၊ လူ​တစ်​ဦး​သည် ကျူးလွန်​သော​အပြစ်​တစ်စုံတစ်ခု​ထဲ၌ နစ်မွန်း​နေ​လျှင် ဝိညာဉ်​သဘော​ရှိ​သော​သင်​တို့​သည် နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ခြင်း​သို့​မ​ကျရောက်​စေရန် သတိပြု​ကြ​လော့။


သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ