မောရှေက လူတို့အား “တတိယနေ့၌ အသင့်ပြင်ဆင်ထားကြလော့။ မိန်းမကိုမချဉ်းကပ်ကြနှင့်”ဟု ဆိုလေ၏။
၁ ကော 7:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။ Common Language Bible သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။ Garrad Bible သ ဘော တူ လျက် တစ် ဖန် ပေါင်း သင်း မည့် အ ကြံ နှင့် ခေ တ္တ အ တွင်း ပ ဌ နာ ပြု ခွင့် ရ အံ့ သော ငှာ မှ တစ် ပါး မ ချုပ် တည်း နိုင် က စာ တန် စုံ စမ်း မည် စိုး၍ အ ချင်း ချင်း ဝတ် ကို မ လွှဲ မ ရှောင် ကြ နှင့်။ Judson Bible အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။ |
မောရှေက လူတို့အား “တတိယနေ့၌ အသင့်ပြင်ဆင်ထားကြလော့။ မိန်းမကိုမချဉ်းကပ်ကြနှင့်”ဟု ဆိုလေ၏။
ထိုသူသည် နောက်ထပ်မိန်းမယူလျှင် ယခင်မိန်းမအား အစားအစာ၊ အဝတ်အထည်နှင့် မယားရပိုင်ခွင့်တို့ကို မလျှော့ရ။
လူတို့ကိုစုဝေးစေ၍ လူထုကြီးကို စင်ကြယ်စေလော့။ သက်ကြီးဝါကြီးများကို စုရုံးစေလော့။ နို့စို့ကလေးမှစ၍ ကလေးငယ်တို့ကို စုစည်းလော့။ သတို့သားကို အခန်းထဲမှလည်းကောင်း၊ သတို့သမီးကို မင်္ဂလာခန်းမှလည်းကောင်း ထွက်လာစေလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ရှိ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “အကျွန်ုပ်သည် နှစ်ပေါင်းများစွာကပင် ပဉ္စမလတွင် အစာရှောင်ငိုကြွေးခဲ့သည့်အတိုင်း ယခုလည်းပြုရမည်လော”ဟု မေးလျှောက်စေရန် စေလွှတ်၏။
[သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“ဤစကားကို လူတိုင်းခံယူနိုင်သည်မဟုတ်။ ထိုသို့ပြုခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။