Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 3:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့ကြောင့် ဖြားယောင်း​သွေးဆောင်​သော​သူ​သည် တစ်နည်းနည်း​ဖြင့် သင်​တို့​ကို​ဖြားယောင်း​သွေးဆောင်​ပြီး ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​ကို​စိုးရိမ်​၍ ငါ​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် သင်​တို့​၏​ယုံကြည်​ခြင်း​ကို​သိရှိ​နိုင်​ရန်​အတွက် သူ့​ကို​စေလွှတ်​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထို့​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို​စေ​လွှတ်​လိုက် ၏။ ငါ​သည်​မ​စောင့်​ဆိုင်း​နိုင်​တော့​သ​ဖြင့် သင်​တို့ ၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​သည်​မ​ခိုင်​မြဲ​သည်​ကို သိ​လို​၍ သူ့​ကို​စေ​လွှတ်​လိုက်​၏။ သင်​တို့​သည် မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ သ​ဖြင့် ငါ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​ငါ​စိုး​ရိမ်​မိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို့ ကြောင့် ငါ လည်း ဆက် လက် အောင့် အည်း လျက် မ နေ နိုင် သ ဖြင့် နတ် ဆိုး သည် သင် တို့ ကို စုံ စမ်း၍ ငါ တို့ ဆောင် ရွက် မှု အ ကျိုး မဲ့ ဖြစ် မည် စိုး သော ကြောင့် သင် တို့ ယုံ ကြည် ခြင်း ကို သိ သာ ရန် စေ လွှတ် လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 စုံ​စမ်း​သွေး​ဆောင်​တတ်​သော​သူ​သည် သင်​တို့​ကို စုံ​စမ်း​သွေး​ဆောင်​သ​ဖြင့်၊ ငါ​တို့​ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​ဖြစ်​မည်​ဟု စိုး​ရိမ်၍ မ​အောင့်​နိုင်​သော​အ​ခါ သင်​တို့၏ ယုံ​ကြည်​ခြင်း​ကို သိ​လို​သော​ငှာ ငါ​စေ​လွှတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထို​အကြောင်း​ကြောင့် ကျွန်ုပ်တို့​သည် ဆက်လက်​သည်းမခံနိုင်တော့ဘဲ သင်တို့​၏ ယုံကြည်ခြင်း ခိုင်မြဲ​ဆဲ​ရှိသည် မရှိသည်​ကို သိ​ရန် တိမောသေ​ကို စေလွှတ်ခြင်း​ဖြစ်၏။ ဖြားယောင်း​သွေးဆောင်သူ​သည် သင်တို့​ကို တစ်နည်းတစ်ဖုံ သွေးဆောင်​သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်း​သည် အချည်းနှီး​ဖြစ်သွားမည်​ကို ကျွန်ုပ်​စိတ်ပူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 3:5
20 ပူးပေါင်းရင်းမြစ်များ  

ငါ​က​လည်း “​ငါ​သည် အချည်းနှီး​ကြိုးစား​အားထုတ်​ခဲ့​ပြီ​။ ငါ့​ခွန်အား​ကို​အလဟဿ အချည်းနှီး​ကုန်​စေ​ပြီ​။ အကယ်စင်စစ် ငါ့​အတွက်​တရားမျှတမှု​သည် ထာဝရဘုရား​ထံ၌​ရှိ​၏​။ ငါ့​အတွက်​ဆုလာဘ်​သည် ငါ​၏​ဘုရားသခင်​ထံ၌​သာ​ရှိ​၏​”​ဟု ဆို​၏​။


ရှင်ဘုရင်​သည် နံနက်စောစော​ထ​၍ ခြင်္သေ့​တွင်း​သို့ အလျင်အမြန်​သွား​လေ​၏​။


ထိုအခါ ဖြားယောင်း​သွေးဆောင်​သော​သူ​သည် ချဉ်းကပ်​လာ​၍ “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​တို့​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။


ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။


သင်​တို့​သည် ဆုတောင်း​ခြင်း​အတွက် အပြည့်အဝ​ဆက်ကပ်​နိုင်​မည့်​အကြောင်း ခေတ္တခဏ​ခွဲခွာ​ပြီးနောက် ပြန်၍​ပေါင်းသင်း​နေထိုင်​ရန် နှစ်ဦး​သဘော​တူညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အချင်းချင်း​၏​ခံစား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့မဟုတ်လျှင် စာတန်​သည် သင်​တို့​၏ မိမိကိုယ်ကို​မချုပ်တည်း​နိုင်​မှု​အပေါ် အခွင့်ကောင်း​ယူ​၍ သင်​တို့​အား ဖြားယောင်း​သွေးဆောင်​လိမ့်မည်။


ဤသည်ကား စာတန်​သည် ငါ​တို့​အပေါ်​အမြတ်​မ​ထုတ်​စေရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​သိ​သည်​မ​ဟုတ်။


ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ဤသည်ကား ဗျာဒိတ်​တော်​အရ​သွား​ခြင်း​ဖြစ်​၏။ ထိုအခါ ငါ​သည် လူမျိုးခြား​တို့​ထဲ၌ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အား​တင်ပြ​ပြီး အထင်ကရ​ဖြစ်​သော​သူ​တို့​ကို​မူကား သီးသန့်​တင်ပြ​ခဲ့​၏။ ထိုသို့​တင်ပြ​ခဲ့​ခြင်းမှာ ငါ​ကြိုးစား​အားထုတ်​နေ​သော​အရာ​ဖြစ်စေ၊ ကြိုးစား​အားထုတ်​ခဲ့​သော​အရာ​ဖြစ်စေ အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​မ​ဖြစ်​စေရန်​ဖြစ်​၏။


သင်​တို့​အတွက် ငါ​ကြိုးစား​လုပ်ဆောင်​ခဲ့​သော​အရာ​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အတွက် ငါ​စိုးရိမ်​၏။


ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ


ထိုသို့အားဖြင့် ငါ​သည် အချည်းနှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အချည်းနှီး​အားထုတ်​လုပ်ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခရစ်တော်​၏​နေ့ရက်​၌ ဂုဏ်ယူ​ဝါကြွား​နိုင်​လိမ့်မည်။


ငါ​သည် သင်​တို့​အကြောင်း​ကို​ကြားသိ​၍ အားတက်​လာ​စေရန် တိမောသေ​ကို သင်​တို့​ထံသို့ မကြာမီ​စေလွှတ်​နိုင်​မည်​ဟု သခင်​ယေရှု​၌ ငါ​မျှော်လင့်​ထား​၏။


ညီအစ်ကို​တို့၊ သင်​တို့​ထံသို့ ငါ​တို့​ရောက်ရှိ​လာ​ခြင်း​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။


သို့သော် ယခု တိမောသေ​သည် သင်​တို့​ထံမှ​ပြန်လာ​၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​နှင့်ပတ်သက်​သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို ငါ​တို့​အား​ပြောပြ​၏။ ထို့ပြင် သင်​တို့​သည် ငါ​တို့​ကို အစဉ်အမြဲ​ကောင်းမွန်​စွာ​သတိရ​လျက် ငါ​တို့​သည် သင်​တို့​ကို အလွန်​တွေ့မြင်​လို​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​ကို အလွန်​တွေ့မြင်​လို​ကြောင်း ပြောပြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ