အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
၁ ကော 7:22 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။ Common Language Bible ကျွန်ဖြစ်စဉ်သခင်ဘုရားရွေးကောက်တော်မူ ခြင်းခံရသူသည်သခင်ဘုရား၏လွတ်မြောက် သူဖြစ်၏။ ထိုနည်းတူစွာလွတ်မြောက်သူသည် ခရစ်တော်၏ရွေးကောက်တော်မူခြင်းခံရ သောအခါခရစ်တော်၏ကျွန်ဖြစ်လာ၏။- Garrad Bible အ ရှင် ဘု ရား ၌ ခေါ် ထား တော် မူ သော ကျွန် သည် အ ရှင် ဘု ရား၏ လူ လွတ် ဖြစ်၏။ ထို နည်း တူ ခေါ် ထား တော် မူ သော လူ လွတ် သည် ခ ရစ် တော်၏ ကျွန် ဖြစ် ၏။ Judson Bible အကြောင်းမူကား ကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။ |
အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
ခေါ်ယူတော်မူခြင်းခံရစဉ် ကျွန်ဖြစ်လျှင် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ သို့သော် လွတ်လပ်သူဖြစ်နိုင်လျှင် ထိုအခွင့်အရေးကိုအသုံးပြုလော့။
ငါသည် လူအပေါင်းတို့ရှေ့၌ လွတ်လပ်သူဖြစ်သော်လည်း ပို၍များသောသူတို့ကိုရရှိနိုင်ရန် လူအပေါင်းတို့ထံ၌ ကိုယ်တိုင်ကျွန်ခံ၏။
ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။
အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ခရစ်တော်ယေရှု၏အစေအပါးဖြစ်၍ သင်တို့အထဲကတစ်ဦးဖြစ်သော ဧပဖြသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် စုံလင်ရင့်ကျက်သူအဖြစ်ရပ်တည်လျက် ဘုရားသခင်၏အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူသည် သင်တို့အတွက် အစဉ်အမြဲကြိုးစား၍ ဆုတောင်းပေးလျက်ရှိ၏။
ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။
လွတ်လပ်သောသူများအဖြစ် အသက်ရှင်နေထိုင်ကြလော့။ သို့သော် ထိုလွတ်လပ်ခြင်းကို မကောင်းမှုပြုရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်၏အစေအပါးအဖြစ် အသုံးပြုကြလော့။
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။