၁ ကော 7:22 - Common Language Bible22 ကျွန်ဖြစ်စဉ်သခင်ဘုရားရွေးကောက်တော်မူ ခြင်းခံရသူသည်သခင်ဘုရား၏လွတ်မြောက် သူဖြစ်၏။ ထိုနည်းတူစွာလွတ်မြောက်သူသည် ခရစ်တော်၏ရွေးကောက်တော်မူခြင်းခံရ သောအခါခရစ်တော်၏ကျွန်ဖြစ်လာ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 အ ရှင် ဘု ရား ၌ ခေါ် ထား တော် မူ သော ကျွန် သည် အ ရှင် ဘု ရား၏ လူ လွတ် ဖြစ်၏။ ထို နည်း တူ ခေါ် ထား တော် မူ သော လူ လွတ် သည် ခ ရစ် တော်၏ ကျွန် ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible22 အကြောင်းမူကား ကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-
ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။