ဆာလံ 116:16 - မြန်မာ့စံမီသမ္မာကျမ်း16 အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible16 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible16 ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ အခန်းကိုကြည့်ပါ။Judson Bible16 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။