ဂလာတိ 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible10 ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။ အခန်းကိုကြည့်ပါ။Garrad Bible10 ယ ခု အ ခါ ငါ သည် လူ တို့ စိတ် နှင့် တွေ့ လို၍ ဖျောင်း ဖျ သ လော၊ ဘု ရား သ ခင် ကို ဖျောင်း ဖျ သ လော၊ ယ ခု တိုင် လူ တို့ စိတ် နှင့် တွေ့ အောင် ပြု နေ လျှင် ခ ရစ် တော်၏ ကျွန် မ ဟုတ် ဖြစ် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible10 အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။