အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏။
၁ ကော 4:9 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။ Common Language Bible လူထုအားထုတ်ပြရာတွင်သေဒဏ်သင့် သူများအားနောက်ဆုံးမှလိုက်ပါစေသကဲ့ သို့ ဘုရားသခင်သည်လူတို့နှင့်ကောင်းကင် တမန်တို့ရှုစားကြစေရန် ငါတို့တမန် တော်များအားနောက်ဆုံးနေရာတွင်ထား တော်မူသည်ဟုငါထင်မှတ်၏။- Garrad Bible ငါ ထင် သည့် အ တိုင်း ဘု ရား သ ခင် သည် ကျုံး သွင်း၍ အ သေ ခံ ရ သူ တို့ သ ဖွယ် ဤ လော က တည်း ဟူ သော လူ နတ် တို့ ရှေ့ တ မန် တော် ဖြစ် သော ငါ တို့ ကို နောက် ဆုံး ထုတ် ပြ တော် မူ လေ စွ တ ကား။ Judson Bible သတ်ဖို့ရာထားသောသူကဲ့သို့ အခြားသောသူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် တမန်တော်ဖြစ်သော ကျွန်ုပ်တို့အား လူသတ်ကွင်း၌ အသေခံရန်အတွက် ပြစ်ဒဏ်ချခံရထားသောသူတို့ကဲ့သို့ နောက်ဆုံးတွင် ထား၍ ထုတ်ပြတော်မူပြီဟု ကျွန်ုပ်ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကောင်းကင်တမန်တို့ရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာမြင်ကွင်း ဖြစ်လာသောကြောင့်ဖြစ်၏။ |
အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏။
အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။
ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။
“အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
ငါတို့သည် ခရစ်တော်၌ ယခုဘဝအတွက်သာ မျှော်လင့်စရာရှိခဲ့လျှင် လူအပေါင်းတို့ထက် ပို၍သနားစရာကောင်းသောသူဖြစ်ပေလိမ့်မည်။
သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။
အသိအမှတ်ပြုခြင်းမခံရသကဲ့သို့ဖြစ်သော်လည်း အသိအမှတ်ပြုခြင်းခံရကြ၏။ သေအံ့ဆဲဆဲဖြစ်နေသူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်လျက်ရှိကြ၏။ ဆုံးမခြင်းကိုခံရသောသူကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။
ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
တစ်ခါတစ်ရံ သင်တို့သည် လူတို့ရှေ့၌ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်နှိပ်စက်ခြင်းတို့ကိုခံရကြ၍ တစ်ခါတစ်ရံ ထိုသို့ပြုကျင့်ခံရသောသူတို့၏အပေါင်းအဖော်များဖြစ်ကြ၏။
အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။