Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 4:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ဘုရားသခင်​သည် တမန်တော်​ဖြစ်သော ကျွန်ုပ်တို့​အား လူသတ်ကွင်း​၌ အသေခံ​ရန်အတွက် ပြစ်ဒဏ်​ချခံရထားသော​သူတို့​ကဲ့သို့ နောက်ဆုံး​တွင် ထား​၍ ထုတ်ပြတော်မူပြီ​ဟု ကျွန်ုပ်​ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ကောင်းကင်တမန်တို့​ရှေ့​၌​ဖြစ်စေ၊ လူတို့​ရှေ့​၌ ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစားစရာ​မြင်ကွင်း ဖြစ်လာ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ ထင် သည့် အ တိုင်း ဘု ရား သ ခင် သည် ကျုံး သွင်း၍ အ သေ ခံ ရ သူ တို့ သ ဖွယ် ဤ လော က တည်း ဟူ သော လူ နတ် တို့ ရှေ့ တ မန် တော် ဖြစ် သော ငါ တို့ ကို နောက် ဆုံး ထုတ် ပြ တော် မူ လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သတ်​ဖို့​ရာ​ထား​သော​သူ​ကဲ့​သို့ အ​ခြား​သော​သူ​များ​နောက်၌ တ​မန်​တော်​တည်း​ဟူ​သော ငါ​တို့​ကို ဘု​ရား​သ​ခင်​ထုတ်​ပြ​တော်​မူ​သည်​ဟု ငါ​ထင်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် လော​ကီ​သား​များ​နှင့် ကောင်း​ကင်​တ​မန်​များ​မျက်​မှောက်၌ ပွဲ​ဝင်​သော​သူ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဘုရားသခင်​သည် တမန်တော်​ဖြစ်​ကြ​သော​ငါ​တို့​ကို နောက်ဆုံး​တွင်​ထား​၍ အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ထုတ်ပြ​တော်မူ​ပြီ​ဟု ငါ​ထင်မှတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ကောင်းကင်​တမန်​များ​ရှေ့၌​ဖြစ်စေ၊ လူ​တို့​ရှေ့၌​ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစား​စရာ​ဖြစ်လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 4:9
21 ပူးပေါင်းရင်းမြစ်များ  

တစ်မြို့လုံး​ဝရုန်းသုန်းကား​ဖြစ်​လျက် လူတို့​သည် ပေါလု​၏​ခရီးသွားဖော်များ​ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု​နှင့် အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး​လျှင် ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်သွားကြ၏။


ပေါလု​၏​မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်​၏​အရာရှိ​တချို့​ကလည်း ထို​ဇာတ်ရုံ​ထဲသို့ စွန့်စား​၍ မဝင်​ရန် တောင်းပန်ကြ၏။


ကျမ်းစာ​၌ “ကျွန်ုပ်တို့​သည် အရှင့်​အတွက် တစ်နေ့လုံး​သေဘေး​နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့​သည် အကျွန်ုပ်တို့​ကို သတ်​ရန် လျာထားသည့် သိုးများ​ကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။


အကယ်၍ ကျွန်ုပ်တို့​အား ခရစ်တော်​ပေးသော မျှော်လင့်ချက်​သည် ဤ​ဘဝ​အတွက်​သာ ဖြစ်​လျှင် ကျွန်ုပ်တို့​သည် ဤ​ကမ္ဘာ​ပေါ်ရှိ လူအပေါင်းတို့​ထဲမှ သနားစရာ​အကောင်းဆုံးသော​သူများ​ဖြစ်ပေမည်။


သူတို့​သည် ခရစ်တော်​၏ အစေခံများ​ဖြစ်ကြသလော။ ကျွန်ုပ်​သည် ပို၍​ပင် ဖြစ်သည်​ဟူ၍ အရူး​ကဲ့သို့ ပြောလို၏။ ကျွန်ုပ်​သည် ပို၍​အလုပ်​ကြိုးစားခဲ့၏။ ခရစ်တော်​အကြောင်း ဟောပြော​သောကြောင့် အကြိမ်ပေါင်း​များစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်း​များစွာ ကြိမ်ဒဏ်​ခံခဲ့ရ၏။ မကြာခဏ သေဘေး​နှင့် ရင်ဆိုင်ခဲ့ရ၏။


တချို့​သည် ကျွန်ုပ်တို့​ကို တမန်တော်​အဖြစ် အသိအမှတ်​မပြုကြ​သော်လည်း ကျွန်ုပ်တို့​သည် ထင်ပေါ်​ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူ​ကဲ့သို့​ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်​ခံရသူများ​ကဲ့သို့​ဖြစ်သော်လည်း အသတ်​မခံရကြ။


ထို့ပြင် ဤ​ဆင်းရဲ​ဒုက္ခများ​ကြောင့် သင်တို့​တစ်ဦး​တစ်ယောက်​မျှ ယိမ်းယိုင်​မသွား​စေရန် ဖြစ်၏။ ထို​ဆင်းရဲ​ဒုက္ခများ တွေ့ကြုံရခြင်း​သည် ဘုရားသခင်​၏ အလိုတော်​အရ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


သို့ဖြစ်လျှင် ကောင်းကင်တမန်များ​သည် ကယ်တင်ခြင်း​အမွေခံမည့်​သူများ​ကို အစေခံ​ရန် ဘုရားသခင်​စေလွှတ်တော်မူသော အစေခံ​ဝိညာဉ်များ ဖြစ်ကြသည်​မဟုတ်လော။


တစ်ခါတစ်ရံ​တွင် သင်တို့​သည် လူရှေ့​သူရှေ့​၌ ကဲ့ရဲ့​ရှုတ်ချခြင်း​နှင့် ညှဉ်းဆဲခြင်း​တို့​ကို ခံကြရ၏။ တစ်ခါတစ်ရံ ထိုသို့​ခံရသူများ​ကို ကူညီပေး​ကြရ၏။


အချို့​မှာမူ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်း​ကို ခံရပြီး သံကြိုး​နှင့် ချည်နှောင်ခံရ​ကာ ထောင်ချ​ခံကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ