ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
၁ ကော 16:6 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့နှင့်အတူ ဆောင်းကာလအတွင်း နေကောင်းနေဖြစ်လိမ့်မည်။ သို့ပြုလျှင် မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ သင်တို့သည် ငါ့ကိုပို့ဆောင်ပေးနိုင်ကြလိမ့်မည်။ Common Language Bible သင်တို့နှင့်အတူအတန်ကြာနေနိုင်မည်ထင် ပါသည်။ ဆောင်းရာသီတစ်ချိန်လုံးပင်သင်တို့ နှင့်အတူနေကောင်းနေပါမည်။ ထိုနောက်ငါ သွားလိုရာအရပ်သို့သွားနိုင်ရန်သင်တို့ ကူညီနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။- Garrad Bible သွား ပြီး မှ သင် တို့ ထံ ရောက်၍ နောက် မည် သည့် ခ ရီး မ ဆို ထွက် သော် ပို့ ကြ စေ ရန် သင် တို့ နှင့် အ တော် ကြာ မ က ဆောင်း ခို လျက် နေ ကောင်း နေ လိမ့် မည်။ Judson Bible နောက်မှ အခြားသို့ ငါသွားသောအခါ၊ သင်တို့ပို့သောကျေးဇူးကို ခံခြင်းငှာ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်း နေလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့နှင့်အတူ အတန်ကြာ နေကောင်းနေလိမ့်မည်။ ဆောင်းရာသီကာလပတ်လုံး နေရန်ပင် ဖြစ်နိုင်၏။ ထို့နောက်တွင်မူ ကျွန်ုပ် သွားရမည့် အရပ်သို့ သွားနိုင်ရန် သင်တို့ကူညီနိုင်ကြလိမ့်မည်ဟု မျှော်လင့်၏။ |
ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
ပေါလုကိုလိုက်ပို့သောသူတို့သည် သူ့ကို အေသင်မြို့တိုင်အောင် ပို့ဆောင်ပြီးနောက် သိလနှင့်တိမောသေတို့အား မိမိထံသို့ တတ်နိုင်သမျှ အမြန်ဆုံးလာကြပါဟူသော ပေါလု၏ညွှန်ကြားချက်ကိုယူ၍ ပြန်သွားကြ၏။
အထူးသဖြင့် သူ၏မျက်နှာကို မြင်တွေ့ရတော့မည်မဟုတ်ဟု ပေါလုပြောသည့်စကားကြောင့် သူတို့သည် ဝမ်းနည်းကြေကွဲကြ၏။ ထို့နောက် သူ့ကို သင်္ဘောဆီသို့ လိုက်ပို့ကြ၏။
သို့သော် ထိုနေ့ရက်များစေ့သောအခါ ငါတို့သည် ခရီးဆက်ရန် ထွက်ခွာကြ၏။ သူတို့အားလုံးသည် ဇနီး၊ သားသမီးများနှင့်အတူ မြို့ပြင်အထိ ငါတို့ကိုလိုက်ပို့ကြ၏။ ငါတို့သည် ပင်လယ်ကမ်းခြေတွင် ဒူးထောက်လျက်ဆုတောင်းပြီးနောက်
ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။
သုံးလကြာပြီးနောက် ထိုကျွန်းပေါ်တွင် ဆောင်းခိုနေသည့် နတ်အမွှာညီနောင်ရုပ်ပါအလက်ဇန္ဒြိယသင်္ဘောဖြင့် ငါတို့သည် ရွက်လွှင့်ကြ၏။
စပိန်ပြည်သို့ ငါသွားသောအခါ သင်တို့ကို လမ်းကြုံဝင်တွေ့၍ အတော်အတန်အလိုဆန္ဒပြည့်စုံအောင် သင်တို့နှင့်အတူနေပြီးမှ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ထိုပြည်သို့သွားမည်ဟု ငါမျှော်လင့်ထား၏။
ထို့ကြောင့် မည်သူမျှ သူ့ကိုမထီမဲ့မြင်မပြုစေနှင့်။ ငါသည် ညီအစ်ကိုများနှင့်အတူ သူရောက်လာမည်ကို စောင့်နေသည်ဖြစ်၍ သူသည် ငါ့ထံသို့ပြန်လာနိုင်ရန် သူ့ကို ငြိမ်းချမ်းစွာပို့ဆောင်ကြလော့။
သင်တို့နေရာကိုဖြတ်လျက် မာကေဒေါနိပြည်သို့ သွားပြီးနောက် တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ထံသို့ပြန်လာ၍ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ယုဒပြည်သို့သွားမည်ဟု စီစဉ်ထား၏။
ငါသည် အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့စေလွှတ်သောအခါ ငါရှိရာနိကောပလိမြို့သို့လာရန် ကြိုးစားလော့။ အကြောင်းမူကား ဆောင်းကာလအတွင်း ထိုမြို့၌နေထိုင်ရန် ငါဆုံးဖြတ်ထား၏။